#ရင်ဝှက်ရှိုက်သံ
(အခန်းဆက်ဝတ္ထု )
အပိုင်း (၁၈ )
*************************
''မင်းလုပ်နေတာတွေ သိပ်အိုဗာဖြစ်လွန်းနေတယ်ကွ ..မင်းအခုပြောဆိုနေတဲ့သူတွေက .. ငါ့အမေနဲ့ငါ့ညီမ....ငါ့သားလေးဖိုးချမ်းရဲ့ အဘွားနဲ့ အဒေါ်ကွ မင်းသိရဲ့လား "" တိုးတိုးပြောပါ ကိုကိုရယ် ..မတော်တစ်ယောက်ယောက် ကြားသွားမှဖြင့် "
အေမီမျိုးကယောကျာ်းဖြစ်သူကိုသတိပေးလိုက်သည်။
"ဒီမှာ ဦးထွန်းနိုင်ဦး ... ကျွန်တော်က ဒီအိမ်ကြီးမှာဖိုးချမ်းအဖြစ်နေနေရတာနော် ..ဖိုးချမ်းအစစ်သာဆိုရင် သူ့အမေအခန်းရှေ့မှာ ဘာတွေပေါက်ကရလုပ်နေမှန်း မသိတဲ့ အိမ်အကူကို မျက်မြင်တွေ့နေရဲ့နဲ့ ဒီတိုင်းကျော်သွားမှာတဲ့လား ပြောစမ်းပါအုံးဗျ ..."
ခက်ထန်၏အဖြေစကားကြောင့် ကိုထွန်းနိုင်ဦးနှုတ်ဆိတ်သွားရလေသည်။
"ဒါနဲ့ နေပါအုံး ခက်ထန် ...မင်းကဒီအချိန်ကြီး အောက်ထပ် ကို ဘာဆင်းလုပ်တာလဲ "
အေမီမျိုးက ခက်ထန်ကို စိုက်ကြည့်ပြီး မေးလိုက်သည်။
" ပျင်းလို့ပေါ့ဗျာ ... ပြီးတော့ ညဘက်ဆိုရင် အဲ့ဒီအခန်းဘက်က ခြေသံတွေ ... ခေါ်သံတွေကြားရတယ်ဆိုလို့ သိချင်လို့သွားကြည့်တာ"
" ဘာပြောတယ်ကွ ....မင်းမဟုတ်တာတွေ မပြောနဲ့ကွ "
ခက်ထန်၏ အဖြေစကားကြောင့် ကိုထွန်းနိုင်ဦးဒေါသတကြီးနှင့်ထပြောလိုက်သည်။
"ကဲ ..ကိုကိုတော်ပြီ...မဟုတ်တာကို ငြင်းမနေကြနဲ့တော့ ... ခက်ထန်ပြောတာလဲ မမှားဘူး ....အဲ့ဒီစကားတွေကို မအိခိုင်နဲ့ အန်တီပဲလျှောက်ပြောနေတာလေ ..ခုပဲကြည့် သူများအထင်လွဲအောင် ညကြီးမှာ ယတြာချေတာတဲ့လေ ..ကဲ ခက်ထန်မင်းလဲ အခန်းထဲဝင်တော့ ...အလကားအချိန်ကုန်တယ် "
အေမီမျိုးက ၀င်ဖြေရှင်းလိုက်ပြီး ယောကျာ်းဖြစ်သူကိုဆွဲခေါ်ခဲ့လိုက်သည်။~~~~~~~~~~~~~~~~~~~~
"အစ်ကိုနဲ့လက်ထပ်ဖို့ကိစ္စကို ငြိမ်းလက်ခံနိုင်ရဲ့လား "ခြံထဲတွင် ပန်းခူးနေသော ခင်ငြိမ်းဖြူနားသို့ကျော်မင်းလျှောက်သွားလိုက်ပြီး မေးလိုက်သည်။
အနားသို့ရောက်လာသော ကိုကျော်မင်းကို ခင်ငြိမ်းဖြူ မော့ကြည့်လိုက်ပြီး
YOU ARE READING
ရင်ဝှက်ရှိုက်သံ
Mystery / Thriller#ရင်ဝှက်ရှိုက်သံ (အခန်းဆက်ဝတ္ထု ) စ/ဆုံး Link စာရေးသူ = A Kyi Phyu ဇာတ်လမ်းအကျဉ်း သဇင်မြိုင်စံအိမ်ကြီးထဲမှ သူဌေးမရဲ့သေဆုံးမှုနဲ့ပျောက် ဆုံးနေသောသားငယ် သဇင်မြိုင်စံအိမ်ကြီးထဲမှ ခြောက်လှန့်မှုများ သဇင်မြိုင်စံအိမ်က...