#ရင်ဝှက်ရှိုက်သံ
(အခန်းဆက်ဝတ္ထု )
အပိုင်း(၁၆ )
****************************အေမီမျိုးမေးလိုက်သော်လည်း အမျိုးသမီးက မဖြေဘဲ သူမဆီသို့တရွေ့ရွေ့ လျှောက်လှမ်းလာခဲ့လေသည်။အမျိုးသမီးကိုကြည့်ရင်း အေမီမျိုးအသားများတဆတ်ဆတ် တုန်အောင် ဒေါသထွက်လာရပြီး အမျိုးသမီးကိုပြေး၍ရိုက်ချပစ်လိုက်သည်။
"နင် ...ငါပြောနေတာ မကြားဘူးလား ..ကဲဟယ် .."
အေမီးမျိုး အမျိုးသမီး၏ မျက်နှာကိုအားပါးတရလွှဲရိုက်လိုက်သော်လည်း လက်ဝါးမှာလေကိုသာ ရိုက်မိလိုက်သောကြောင့် ထိတ်လန့်တုန်လှုပ်ကာ အမျိုးသမီးကိုမော့ကြည့်လိုက်မိလေသည်။
"အမယ်လေး "
ရှေ့တည့်တည့်တွင်ရှိနေသော အမျိုးသမီးမှာ တစ်မုဟုတ်ချင်းမျက်စိရှေ့မှပျောက်ကွယ်သွားသောကြောင့် အေမီမျိုးထိတ်လန့်တကြားနှင့် အော်ဟစ်လိုက်မိစဉ်မှာပင် တစ်စုံတစ်ယောက်က သူမကိုတွန်းတိုက်ပစ်လိုက်သကဲ့သို့ ကြမ်းပြင်ပေါ်သို့ ဝုန်းခနဲပြိုလဲကျသွားရလေသည်။"အား "
ကြောက်လန့်တကြားနှင့် အော်ဟစ်လိုက်သော အေမီမျိုး၏အသံသည် ထိတ်လန့်ချောက်ချားစွာ ထွက်ပေါ်လာလေသည်။
~~~~~~~~~~~~~~~~~~~~
"ဘယ်လိုဖြစ်ရတာလဲ သမီးရယ် ...ကံကောင်းလို့ပေါ့ .. သမီးလဲကျတဲ့နေရာနဲ့ ဝရန်တာနဲ့အရမ်းနီးနေပြီ "
"ရှင်.... ဝ...၀ရန်တာဟုတ်လား အမေ "
အေမီမျိုးသတိပြန်ရလာချိန်မှာပဲ မိခင်ဖြစ်သူပြောလိုက်သောစကားကြောင့် ထိတ်လန့် အံ့ဩသွားရလေသည်။" မျိုး..မျိုးလဲကျသွားတာ လှေကားနားမရောက်ခင် အခန်းရှေ့မှာပါ ... ၀ရန်တာနဲ့အဝေး ကြီးပါ အမေ "
အေမီမျိုးအထိတ်တလန့်နှင့်ပြောလိုက်သောအခါ ဘေးတွင်ရှိနေကြသော မိခင်ဖြစ်သူဒေါ်နီလာမျိုးအပါအဝင် ကိုထွန်းနိုင်ဦးတို့မှာ အံ့ဩသွားကြရလေသည်။ဒေါ်နီလာမျိုးက သမီးဖြစ်သူကို ကြည့်လိုက်ပြီး
"မဟုတ်တာကွယ် ..သမီး အမှတ်မှားတာနေမှာပါ ...အော်သံကြားလို့ မိမိုးနဲ့အမေ ပြေးလာကြည့်တော့ ...ဝရန်တာနားမှာ သမီးလဲကျနေတာကို တွေ့ရတာပဲ ... သမီးကို အမေတို့ အရင်ဆုံးတွေ့တာပဲ ....အော်သံကြားလိုက်တာနဲ့ မိမိုးကို အရင်ပြေးကြည့်ခိုင်းလိုက်တာ ..ကြားထဲမှာ အချိန်ဘယ်လောက်မှ မကြာပါဘူး ..
"
YOU ARE READING
ရင်ဝှက်ရှိုက်သံ
Mystery / Thriller#ရင်ဝှက်ရှိုက်သံ (အခန်းဆက်ဝတ္ထု ) စ/ဆုံး Link စာရေးသူ = A Kyi Phyu ဇာတ်လမ်းအကျဉ်း သဇင်မြိုင်စံအိမ်ကြီးထဲမှ သူဌေးမရဲ့သေဆုံးမှုနဲ့ပျောက် ဆုံးနေသောသားငယ် သဇင်မြိုင်စံအိမ်ကြီးထဲမှ ခြောက်လှန့်မှုများ သဇင်မြိုင်စံအိမ်က...