ရင်ဝှက်ရှိုက်သံ 13

159 2 0
                                    

#ရင်ဝှက်ရှိုက်သံ
(အခန်းဆက်ဝတ္ထု)

အပိုင်း(၁၃ )
**********************
        ခက်ထန်နှင့်ခင်ငြိမ်းဖြူတို့၏အခြေအနေကိုအားလုံးမျက်လုံးပြူးမျက်ဆန်ပြူးဖြင့်ရပ်ကြည့်နေမိကြလေသည်။ညီညီသည် မြင်ကွင်းကို ဆက်ပြီး ကြည့်မနေနိုင်တော့ဘဲ ဝင်ပါလိုက်ရလေတော့သည်။
"မင်းတော်လိုက်တော့ ...ဒီအိမ်မှာ ခင်ငြိမ်းဖြူက သူ့စိတ်တိုင်းကျဘယ်တုန်းကလုပ်ခွင့်ရှိလို့လဲ....မင်းအမေအခန်းထဲမှာ သူနေတာကလဲ တစ်ယောက်ယောက်ရဲ့အမိန့်ကြောင့်နေရတာဖြစ်မှာပေါ့ "

        ညီညီ၏စကားကြောင့် ခက်ထန်က ခင်ငြိမ်းဖြူကို လွှတ်ပေးလိုက်ကာ ညီညီတို့ကို ကြည့်လိုက်ပြီး

"အေး .... ဘယ်သူ့အမိန့်ကြောင့်ပဲဖြစ်ဖြစ် ....အားလုံးကိုပြောထားမယ်....ဒီအိမ်မှာ ...ငါ့အမေရဲ့ အခန်းမှာဘယ်သူမှနေခွင့်မရှိဘူး...ဒီအိမ်မှာနေမယ်ဆိုရင် ငါ့အမိန့်ကိုလွန်ဆန်လို့မရဘူးဆိုတာ မှတ်ထားကြပါ ..."

       ခက်ထန်က ဒေါ်စန်းစန်းရီအပါအဝင် ညီညီတို့မိသားစုကို
တည့်တည့်ကြည့်ပြီး ပြောလိုက်သည်။
    
'' မင်း ..မင်းမိုက်ရိုင်းလှချည်လား  ဖိုးချမ်းရဲ့ "

         ခက်ထန်၏ အပြုအမူကြောင့် ဒေါ်စန်းစန်းရီက အသားများ တဆတ်ဆတ်တုန်လျက်မှ လှမ်းပြောလိုက်သည်။ညီညီကတော့ နေရာမှချာခနဲ ထွက်သွားလိုက်သည်။အိအိခိုင်တို့ ဇနီးမောင်နှံကလည်း ခြေကို ဆောင့်နင်းလျက် သားဖြစ်သူ ၏နောက်သို့ လိုက်သွားခဲ့ကြလေသည်။
      ခက်ထန်နှုတ်ခမ်းကိုတွန့်ကွေးကာပြုံးလိုက်ပြီး ဘွားအေ ဖြစ်သူကို ကြည့်လိုက်သည်။

"ကျွန်တော်အလကားနေရင်း ရိုင်းစိုင်းနေတာမဟုတ်ဘူးလေ အဘွား .. ကျွန်တော့်အမေနဲ့ဆိုင်တဲ့ပစ္စည်းတွေကိုလာထိလို့ ရိုင်းရတာလေ... ဒါနဲ့သူ့ကို အဲ့ဒီအခန်းထဲမှာ... ဘယ်သူနေခိုင်းခဲ့တာလဲ အဘွားသိလား "

  " အေး .. အဲ့ဒါ ...မင်းမိထွေး အေမီမျိုးနေခိုင်းတာလေ ... ငါတို့က ဧည့်သည်အခန်းတွေမှာနေရတဲ့ ဧည့်သည်တွေပါဟဲ့ ..မင်းတို့အိမ်ကိစ္စတွေထဲလဲ ငါတို့၀င်မပါရဲပါဘူးချမ်းလင်းဦးရဲ့ "

ရင်ဝှက်ရှိုက်သံWhere stories live. Discover now