ရင်ဝှက်ရှိုက်သံ 26

244 4 0
                                    

#ရင်ဝှက်ရှိုက်သံ
(အခန်းဆက်ဝတ္ထု )
အပိုင်း (၂၆ )
************************
"အစ် .. အစ်  " 

          ခင်ငြိမ်းဖြူကြောက်လန့်တကြားဖြင့် အော်ဟစ်လိုက်မိသော်လည်း အသံမှာထွက်မလာဘဲ တအစ်အစ်အသံသာထွက်လာခဲ့လေသည်။
"ငြိမ်ငြိမ်နေအသံမထွက် ....မင်း.... ငါ့ကိုရုတ်တရက်မြင်လိုက်ရင် ဒီလိုဖြစ်မယ်ဆိုတာ သိလို့ ...မင်းပါးစပ်ကိုအရင်ပိတ်လိုက်တာ ..ဒါတောင်ရအောင် အော်နေသေးတယ် ...."

           ချုပ်နှောင်ထားသူထံမှ ကြားလိုက်ရသော အသံကြောင့်ခင်ငြိမ်းဖြူမှာ ထိတ်လန့်ရင်တုန်နေရာမှ ချက်ချင်းလိုပင် ရင်ခုန်သံများမြန်ဆန်သွားရလေသည်။သူက ချုပ်ထားသော လက်များကိုလွှတ်လိုက်ပြီး ကြွေပြားအခင်းပေါ် စိတ်ပျက်လက်ပျက်ပုံနှင့် ထိုင်ချလိုက်လေသည်။

" ကိုခက်ထန် ..ရှင်...ရှင် ..ဒီအချိန်ကြီး ဘာကိစ္စရှိလို့လဲဟင် "

         ခင်ငြိမ်းဖြူမေးလိုက်သောအခါမှ ခက်ထန်ထိုင်နေရာမှ ဝုန်းခနဲပြန်ထရပ်လိုက်သည်။သူ့ကိုမျက်လုံးအဝိုင်းသားနှင့် ကြည့်နေသော ခင်ငြိမ်းဖြူနှင့် မျက်နှာချင်းဆိုင်လိုက်ပြီးနောက် ခင်ငြိမ်းဖြူ၏ပခုံးနှစ်ဖက်ကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်ကာ

"ခင်ငြိမ်းဖြူ  ..မင်းဘာတွေ လုပ်နေတာလဲ ပြောစမ်း ... မင်းရူးနေတာလား ...ကိုကျော်မင်းကို ဘာတွေလျှောက်ပြောလိုက်တာလဲ "

           ဒေါသတကြီးနှင့်မေးလိုက်သောခက်ထန်၏ စကားကြောင့်ခင်ငြိမ်းဖြူ အံ့ဩတုန်လှုပ်သွားရပြီး

"ရှင် ..ရှင် ..ဒါကို ..ဘယ်လိုသိတာလဲကိုခက်ထန် ... ရှင့်ကိုဦးကျော်မင်းပြောတာလား "

            သူ့ကိုပြန်မေးနေသော ခင်ငြိမ်းဖြူကို ခက်ထန်မချင့်မရဲဖြင့်ကြည့်လိုက်ပြီး

"မင်း ..ငါ့ကိုပြန်မေးမနေနဲ့ ...ငါဘယ်လိုသိလဲက အရေးမကြီး ကွ ..မင်းအခုဘာလုပ်ခဲ့တာလဲ ဆိုတာကို သိရဲ့လား ... မင်းပြောခဲ့တဲ့စကားတွေကြောင့် မင်းသေသွားနိုင်တယ်ဆိုတာ သိရဲ့လား ... မင်းလဲမလှိုင်လိုဖြစ် သွားနိုင်တယ်ကွ  "

" ကျွန်မသိတယ် ...ဒါပေမဲ့ မကြောက်တော့ပါဘူး ... ရှင့်အမေရဲ့ စာအုပ်ကိုဖတ်ပြီးသွားကတည်းက ... ဒီအိမ်ကြီးထဲမှာ တစ္ဆေသရဲထက် ကြောက်စရာကောင်းတဲ့ လူ*တ်သမားတွေရှိနေတယ်ဆိုတာ သိပြီးသားပါ ... ပြီးတော့ အဲ့ဒီလူတွေကပဲ  ပျော်ပွဲစားနေ့က ရှင့်ကိုလုပ်ကြံလိုက်တာလဲ ဖြစ်နိုင်တယ် .. မလှိုင်လဲ သူတို့တွေရဲ့လျှို့ဝှက်ချက်တစ်ခုခုကို သိသွားခဲ့လို့သာ လုပ်ကြံခံရတာဖြစ်နိုင်တယ်...တကယ်လို့.အဲ့ဒီလူတွေ နောက်ထပ်ပစ်မှတ်တစ်ခုကို တွေ့ခဲ့ပြီဆိုရင် အဲ့ဒီပစ်မှတ်က ရှင်ပဲဖြစ်မယ်ထင်တယ် "

ရင်ဝှက်ရှိုက်သံWhere stories live. Discover now