ရင်ဝှက်ရှိုက်သံ 4

199 2 0
                                    

#ရင်ဝှက်ရှိုက်သံ
(အခန်းဆက်ဝတ္ထု )
  အပိုင်း (၄ )
************************
"ဟဲ့ ကောင်မလေး ...ကလေးခေါ်ပြီး အပြင်မှာသွားဆော့စမ်း ... ဒီမှာမုန့်ဖိုးယူသွား...မုန့်ဖိုးက ကလေးအတွက်နော် ...နင်စားဖို့မဟုတ်ဘူး ....ငါလာမခေါ်မချင်း ပြန်မလာနဲ့ ကြားလား "

"ဟုတ်ကဲ့ မေနု "

         မိထွေးဖြစ်သူ၏ စကားသံအဆုံးမှာ ညီမငယ်လေး၏ လက်ကိုဆွဲပြီး ခင်ငြိမ်းဖြူလမ်းမပေါ်သို့ ထွက်ခဲ့လိုက်သည်။ခင်ငြိမ်းဖြူ၏ ဦးတည်ရာအရပ်မှာ လမ်းထိပ်မှ ညောင်ပင်ကြီးအောက်ဆီသို့ ဖြစ်လေသည်။ထိုညောင်ပင်ကြီးအောက်တွင် ခင်ငြိမ်းဖြူကဲ့သို့ကလေးထိန်းရသူများနှင့် လာရောက်ဆော့ကစားကြသောကလေးငယ်များစွာရှိသည်။ညောင်ပင်ကြီးမှာ ကြီးမားလှသောကြောင့်တစ်နေကုန် နေရောင်မကျရောက်ဘဲအေးမြနေ၏။ဤသို့ အရိပ်အာဝသကောင်းလှသော ညောင်ပင်ကြီးမှာ ခင်ငြိမ်းဖြူတို့လို ကလေးများအတွက် ပျော်ရွှင်စရာ နိဗ္ဗာန်ဘုံကြီးဖြစ်လေ၏။

~~~~~~~~~~~~~~~~~~~~~~~
"ဒီနေ့ ... မသန်းဆင့်တို့အိမ်မှာ အရေးကြီးကိစ္စရှိလို့ပါ သိန်းနုရယ် ..ငါကတော့ နင့်ယောကျာ်းကို လန့်တယ်ဟဲ့ ... သူက အရက်လောင်းကစားဝါသနာမပါဘူး မဟုတ်လား ..တော်ကြာ်ပြန်သိသွားမှဖြင့် "

"အမယ်လေး မစနိုးရယ် ... သူက အဲ့ဒါတွဝါသနာမပါပေမဲ့ ...ကျွန်မ စကားတစ်ခွန်းပါနော် ခစ် ..ခစ် ..ခစ် "

        မသိန်းနုကမစနိုးကို ကြွားလုံးထုတ်ရင်း တခစ်ခစ်ရယ်လိုက်သည်။ရယ်မောနေရင်းမှမသိန်းနု၏အကြည့်များမှာ မစနိုးနှင့်အတူပါလာသော ဧည့်သည်များအားမသိမသာအကဲခတ်လိုက်သည်။ထို့အခါ သူမအားစူးစူးစိုက်စိုက်ကြည့်နေသော အမျိုးသားတစ်ယောက်နှင့် အကြည့်ချင်းဆုံသွားရပြီး မသိန်းနု၏ရင်ထဲ၌ပရမ်းပတာ ခုန်လှုပ်သွားရလေသည်။ဤအမျိုးသားကို ယခင်ကမသိန်းနုတစ်ခါမှကို မမြင်ခဲ့ဖူးချေ။မစနိုးတို့မသန်းဆင့်တို့ ဦးဆောင်သော ကြိတ်ဝိုင်း၊ ချိန်းဝိုင်းများကို မသိန်းနုအမြဲလိုလိုသွားခဲ့ဖူးသည်။သို့သော်လည်း သူနှင့်မဆုံးဖူးခဲ့။ သူမအားစူးစူးရဲရဲစိုက်ကြည့်နေသောသူ့အား မသိန်းနုညုတုတုပြန်ကြည့်လိုက်ရင်း မစနိုးကိုလက်ကုက်ကာအသာမေးလိုက်သည်။

ရင်ဝှက်ရှိုက်သံWhere stories live. Discover now