#ရင်ဝှက်ရှိုက်သံ
(အခန်းဆက်ဝတ္ထု )
အပိုင်း (၁၉ )
**************************
"မင်း ဘာတွေရှာနေတာလဲ ခက်ထန်...ဘာလဲ....မဟုတ်မှလွဲရော ... မလှိုင်နဲ့ပတ်သက်ပြီး မင်းလုပ်ခဲ့တာတွေကို ဖျက်ဆီးပစ်မလို့လား...ဒီရက်ပိုင်းအတွင်းမှာ မလှိုင်နဲ့ပြဿနာတက်တာမင်းပဲရှိတာ ....မလှိုင်ကိုမင်း တမင်တွန်းချလိုက်တာမဟုတ်လား "အသံစွာစွာနှင့်ပြောနေသော ဒေါ်အိအိခိုင်ကိုကြည့်ပြီး ခက်ထန်နှုတ်ခမ်းကိုတွန့်ကွေးကာပြုံးလိုက်မိပြီး
"အဲ့ဒီလိုထင်နေရင်လဲ တာဝန်ရှိသူတွေကို ဘာလို့မပြောလိုက်ရတာလဲ ဒေါ်လေးရယ် ... ပြောပြလိုက်ပါလား "
" အေး သိပ်ပြောချင်တာပေါ့ ..ဒါပေမဲ့ မင်းဘယ်လောက်ရိုင်းရိုင်း ...ငါတို့သွေးသားမို့ မပြောဘဲနေလိုက်တာ သိရဲ့လား "
" ဟား..ဟား .. သေချာလို့လား ဒေါ်လေးရယ် ... အမှုက ဒေါ်လေးတို့ကိုပြန်ပတ်မှာ ကြောက်လို့မဟုတ်ဘူးလား ... မလှိုင်ကို ယတြာချေခိုင်းတယ်လို့ အကြောင်းပြပြီး... ညနက်သန်းခေါင်ကြီးမှာ သဇင်မြိုင်စံအိမ်ထဲမှာ ဘာတွေရှာခိုင်းနေတာလဲပြောစမ်းပါအုံး ..နောက်ဆုံးတော့ ဒီအကြောင်း တွေကို မလှိုင်ပြန်ပြောမှာစိုးလို့ နှုတ်ပိတ်လိုက်တာမဟုတ်ဘူးလား "
ဒေါ်အိအိခိုင်ကိုကြည့်ပြီး ခက်ထန်မခိုးမခန့်နှင့် ပြောလိုက်သည်။
မိန်းမဖြစ်သူ၏ နောက်မှ လိုက်တက်လာသော ကိုထက်နိုင်မှာ ခက်ထန်၏စကားကို ကြားလိုက်ရပြီး ဒေါသအကြီးအကျယ် ဖြစ်သွားရကာ"ဟေ့ကောင် မင်းဘာပြောလိုက်တယ်ကွ ....သူက မင်းရဲ့အဒေါ်ဆိုတာကို သိရဲ့လား ..မင်း တော်တော်ရိုင်းစိုင်းပါလားကွ..မင်းတော်တော်လူပါး၀တဲ့ ကောင်ပဲ ..မင်းကိုတော့ ငယ်ငယ်ကလို ဝိုင်းဆုံးမပေးမှဖြစ်တော့မယ် .... မိန်းမလာစမ်း ဒီကောင့်ကိုချုပ်တားစမ်း "
အာလေးလျှာလေးသံနှင့် ပြောရင်း လက်သီးရွယ်လျက် ဝင်လာသောဦးထက်နိုင်ကို ကြည့်ကာ ခက်ထန်စိတ်မရှည်တော့တာမို့ ဦးထက်နိုင်ကို လက်သီးနှင့်တစ်ချက်ပိတ်ထိုးပစ်လိုက်သည်။
" အား "
ကိုထက်နိုင်မှာ အော်ရင်းမှ အရက်မူးနေသူပီပီဝုန်းခနဲ ပစ်လဲကျသွားရသည်။
YOU ARE READING
ရင်ဝှက်ရှိုက်သံ
Mystery / Thriller#ရင်ဝှက်ရှိုက်သံ (အခန်းဆက်ဝတ္ထု ) စ/ဆုံး Link စာရေးသူ = A Kyi Phyu ဇာတ်လမ်းအကျဉ်း သဇင်မြိုင်စံအိမ်ကြီးထဲမှ သူဌေးမရဲ့သေဆုံးမှုနဲ့ပျောက် ဆုံးနေသောသားငယ် သဇင်မြိုင်စံအိမ်ကြီးထဲမှ ခြောက်လှန့်မှုများ သဇင်မြိုင်စံအိမ်က...