#ရင်ဝှက်ရှိုက်သံ
(အခန်းဆက်ဝတ္ထု )
အပိုင်း (၂၀)
*************************"ဒုန်း ... ဒုန်း "
" ငြိမ်း ..ငြိမ်းရေ ..အေးမတံခါးဖွင့်ပါအုံး ..ကြီးကြင်ပါ "
တံခါးကို တဒုန်းဒုန်းထုသံနှင့်အတူထမင်းချက်ကြီး ဒေါ်ကြင်၏ အသံကိုကြားလိုက်ရသောကြောင့် ခင်ငြိမ်းဖြူထခုန်မိမတတ်ဝမ်းသာသွားရပြီး အခန်းတံခါးဝဆီသို့ ပြေးသွားလိုက်မိသည်။ပြီးနောက်တံခါးကိုဖွင့်လိုက်ပြီးလျှင် တုန်တုန်ယင်ယင်နှင့် ခေါ်လိုက်မိလေ၏။
"ကြီး..ကြီးကြင် ...ဟို .. ဟိုမှာ ..ဟိုမှာ "
" အေး ...ကြီးကြင်ကြားလို့ ထလာခဲ့တာပဲ ..လာ..လာ ..အခန်းထဲပြန်ဝင်ရအောင် ...အေးမ မနိုးဘူးလား "
"ဟုတ်... ဟုတ်ကဲ့ .. သူမနှိုးဘူးကြီးကြင် "
" အေး မနှိုးတာပဲကောင်းတယ် ....နှိုးသွားလို့ သိသွားရင် မနက်လင်းတာနဲ့ အိမ်ပြန်ပြေးသွားလိမ့်မယ် ....အသံတွေ သမီးကြားတယ် မဟုတ်လား "
"ဟုတ်..ဟုတ်ကဲ့ ကြား...ကြားတယ် ကြီးကြင် "
" အင်း ..သူအမျှလိုချင်လို့ထင်ပါတယ်ကွယ်...မကြောက်ပါနဲ့ သမီးရယ် ... တွေးကြည့်တော့လဲ သူ့ဘဝလေးကသနားစရာလေးပါ .. အိမ်ကြီးရှင်တွေက ခိုင်းကောင်းတုန်းက ခိုင်းခဲ့ကြပြီး... သူ့အတွက်စိတ်မကောင်းဟန်တောင်မပြကြဘူးလေ ... ပြောရရင် မလှိုင်ထက်သူတို့က ပိုကြောက်ဖို့ကောင်းတယ်ကွဲ့ "
ဒေါ်ကြင်ရောက်လာခဲ့ပြီးနောက် မလှိုင်၏ အခန်းဘက်မှအသံများမှာ ပြန်လည်၍ တိတ်ဆိတ်သွားလေသည်။
"သမီးကြောက်တတ်သလား..."
ဒေါ်ကြင်၏အမေးကြောင့် ခင်ငြိမ်းဖြူခေါင်းလေးကို ငြိမ့်လိုက်မိပြီး
" တော်ရုံတော့မကြောက်တတ်ပါဘူး ကြီးကြင်ရယ် ... ဒါပေမဲ့ ခုနကလို ထင်ထင်ရှားရှားကြီး ကြုံရရင်တော့ လန့်တာပေါ့ '
"အင်းပေါ့လေ ... ငြိမ်းကငယ်သေးတော့လဲ ကြောက်မှာပေါ့ ..ကြီးကြင်ဖြင့် ဒီအိမ်ကြီးစရောက်ကတည်း ညဆို လှေကားမှာအတက်အဆင်းလုပ်နေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ပုံရိပ်ကို မကြာခဏတွေ့ နေရတာကွဲ့ "
YOU ARE READING
ရင်ဝှက်ရှိုက်သံ
Misterio / Suspenso#ရင်ဝှက်ရှိုက်သံ (အခန်းဆက်ဝတ္ထု ) စ/ဆုံး Link စာရေးသူ = A Kyi Phyu ဇာတ်လမ်းအကျဉ်း သဇင်မြိုင်စံအိမ်ကြီးထဲမှ သူဌေးမရဲ့သေဆုံးမှုနဲ့ပျောက် ဆုံးနေသောသားငယ် သဇင်မြိုင်စံအိမ်ကြီးထဲမှ ခြောက်လှန့်မှုများ သဇင်မြိုင်စံအိမ်က...