ရင်ဝှက်ရှိုက်သံ 17

216 2 0
                                    

#ရင်ဝှက်ရှိုက်သံ
(အခန်းဆက်ဝတ္ထု)
အပိုင်း ( ၁၇ )
***************************
   "ဘာအကြောင်းရှိလို့  သူ့ကိုရိုက်နေကြတာလဲ "

          သူမလက်ကိုဆောင့်ဆွဲပြီးမေးလိုက်သော တူဖြစ်သူခက်ထန်ကိုကြည့်ပြီး ဒေါ်အိအိခိုင်ဖြုန်းခနဲ ထိတ်လန့်တုန်လှုပ်သွားမိလေသည်။
"မင်း ...ဒါဘာလုပ်တာလဲ ခက်ထန်....ငါ့လက်ကို ခုချက်ချင်း လွှတ်စမ်း  "

" သူ့ကို ဘာလို့ရိုက်နေတာလဲ ပြောကြပါအုံး ...အဘွားကရော လူကြီးဖြစ်ပြီး ဒီတိုင်းထိုင်ကြည့်နေရလား "

         ခက်ထန်လေသံမာမာနှင့် မေးလိုက်ရင်း ခင်ငြိမ်းဖြူလက်ကိုဆွဲကိုင်လိုက်ကာ သူ့ဘက်သို့ ဆွဲခေါ်လိုက်သည်။

" မင်းဘာမှမသိဘဲ ဝင်မပါနဲ့ .. သူကငါ့သားကို  မတန်မရာမှန်း နေလို့ ဆုံးမနေတာ "

  "ဟုတ်တယ် မြေးလေး ... မင်းဝင်မပါစမ်းနဲ့ကွယ် ... သူက မ ကြာခင်မှာ မောင်ကျော်မင်းနဲ့ ယူတော့မှာကို ..အနေအထိုင်မတတ်လို့ အဘွားတို့ကဆုံးမနေတာ ... မြေးလေးညီညီကို လိုက်ပြီး မြူဆွယ်နေတာလေ "

        ဘွားအေဖြစ်သူ ဒေါ်စန်းစန်းရီ၏စကားကြောင့် ခင်ငြိမ်းဖြူကို ခက်ထန်ခပ်စူးစူးတစ်ချက်ကြည့်လိုက်ပြီး

" အဘွားမြေးက သူမြူဆွယ် တိုင်းပါရအောင် (၁၆) နှစ်သားလား ....တရားလွန်တွေမလုပ်ကြပါနဲ့ဗျာ .. ဒီခေတ်ကြီးထဲမှာ  အလုပ်သမားကို ငွေဝယ်ကျွန်လို မဆက်ဆံကြစမ်းပါနဲ့ ဒေါ်လေးရယ် .. ဘ၀ဆိုတာ တည်မြဲတာမဟုတ်ဘူး ... တော်ကြာဝဋ်လည်နေကြအုံးမယ် ...ပြီးတော့ ကျွန်တော့်အိမ်က အလုပ်သမားကို ငွေဝယ်ကျွန်လို ဆက်ဆံတာမျိုးကို ကျွန်တော်မကြိုက်ဘူး...သဇင်မြိုင်စံအိမ်မှာနေမယ်ဆိုရင် အေးအေးဆေးဆေးတိတ်တိတ်ဆိတ်ဆိတ်နေကြပါ ... ခင်ငြိမ်းဖြူ ...မင်းခေါင်းမိုးထပ်သွားရှင်းပေးပါ ..အဲ့ဒီမှာ ငါ လေ့ကျင့်ခန်းလုပ်မလို့ "

           ခက်ထန် အသံမာမာနှင့် ပင်ခင်ငြိမ်းဖြူကို ပြောလိုက်သည်။
        ခက်ထန်၏ အမိန့်ပေးသံကိုကြားသည်နှင့် ခင်ငြိမ်းဖြူ တုန်တုန်ယင်ယင်နှင့် ဒေါ်အိအိခိုင်တို့အခန်းထဲမှထွက်ခဲ့လေ သည်။
       ခင်ငြိမ်းဖြူထွက်သွားသည်နှင့်ခက်ထန်က ထိုင်ခုံတစ်လုံးပေါ်တွင် ဝင်ထိုင်လိုက်ပြီးလျှင်  ဘွားအေနှင့်အဒေါ်ဖြစ်သူကိုပါ ထိုင်ခိုင်းလိုက်လေသည်။

ရင်ဝှက်ရှိုက်သံWhere stories live. Discover now