ရှင်ဝှက်ရှိုက်သံ 7

218 2 0
                                    

#ရင်ဝှက်ရှိုက်သံ
(အခန်းဆက်ဝတ္ထု )
အပိုင်း (၇ )
***************************
"နင့်နာမည် ပြောအုံးလေ "

" ခင် ...ခင်ငြိမ်းဖြူပါ "

          ခင်ငြိမ်းဖြူ၏ နာမည်ကို ကြားလိုက်ရသောအခါ ညီညီက ရယ်မောလိုက်ပြီး

''အမယ် .. နင်က လူကြည့်တော့ .ယောကျာ်းလိုလိုမိန်းမလိုလိုနဲ့ နာမည်ကတော့ အပျံစားပဲ ... ဒါနဲ့ နင်က ဘောလုံး ဘောင်းဘီနဲ့ ရှပ်အင်္ကျီကိုဝတ်ထားတာဆိုတော့ ..နင်က ယောကျာ်းစိတ်ပေါက်နေတာလား "

" ဟင် ..မ ..မဟုတ်ပါဘူး ...ဒီအဝတ်အစားတွေက မေနုဝယ်ပေးထားလို့ ဝတ်တာပါ "
"မေနုက ဘယ်သူလဲ ....ဒါနဲ့ နင့်ကို ပြောပြစရာရှိတယ် ...ဒီအိမ်မှာအရူးတစ်ယောက်ရှိတယ်သိလား ... သူ့အမေဆုံးသွားပြီးတော့ ရူးသွားတာလေ ..အဲ့ဒီအရူးနာမည်က ချမ်းလင်းဦးတဲ့  ...လူတွေကတော့ သူ့ကိုဖိုးချမ်းလို့ပဲခေါ်ကြတယ် ... သူက ငါ့ဘဘရဲ့သားလေ ..သူအလုပ်ခိုင်းရင်း သတိထားပြီးလုပ်ပေးနော် ကြားလား ...သူကစိတ်မထင်ရင်မထင်သလို လူကိုရို -က်တာတွေ .. တွန်း -ချတာတွေ လုပ်တတ်တယ် ... နင် အင်္ဂ -လိပ် ရုပ်ရှင်ကားတွေ ကြည့်ဖူးတယ် မဟုတ်လား ... သူ့က အဒီဇာတ်ကားတွေထဲကလိုပဲ ကြောက်စရာကောင်းတယ်  "

"ဟုတ်.... ဟုတ်လား "

          ညီညီ၏ စကားကြောင့် ခင်ငြိမ်းဖြူလန့်သွားပြီး တုန်တုန်ယင်ယင်ထစ်ထစ်ငေါ့ငေါ့နှင့်ပြန်မေးလိုက်မိသည်။

"သူ ..သူက ဘယ်မှာလဲဟင် "

" ဟော ..ဟိုမှာလေ ..ပန်းခြံထဲမှာ ထိုင်နေတယ် ... ယောင်လို့မှ ပန်းတွေ သွားမခူးနဲ့နော် ...နင့်ကို လူလစ်တာနဲ့လှေကားပေါ်က တွ_န်းချပစ်လိုက်မယ် "

         ညီညီ၏စကားကြောင့် ပန်းခြံထဲမှာ တစ်ယောက်တည်း ငူငူငေါင်ငေါင်နှင့် ထိုင်နေသော ကောင်လေးကိုကြည့်ပြီး  ခင်ငြိမ်းဖြူကြက်သီးတွေထကာ ကျောထဲစိမ့်သွားရလေသည်။

~~~~~~~~~~~~~~~~~~~~
"ခင်ငြိမ်းဖြူ... တီတီမျိုးဆီလာအုံး ..."

"ဟုတ်ကဲ့ တီတီမျိုး ''

          တီတီမျိုး၏ ခေါ်သံကြောင့် တီတီမျိုးထိုင်နေသော ခုံဘေးက ကြမ်းပြင်ပေါ်တွင် ခင်ငြိမ်းဖြူ ဒူးတုပ်ကာထိုင်ချလိုက်သည်။

ရင်ဝှက်ရှိုက်သံWhere stories live. Discover now