#ရင်ဝှက်ရှိုက်သံ
(အခန်းဆက်ဝတ္ထု)
အပိုင်း (၂၈ )
****************************ယနေ့ည၌ သဇင်မြိုင်စံအိမ်ကြီးတွင် ခက်ထန်မရှိဟုသောအသိကြောင့် နေရသည်မှာပို၍ထိတ်လန့်ချောက်ချားစရာကောင်းနေသည်ဟု ခင်ငြိမ်းဖြူ ထင်မိလေသည်။တံခါးကို အထဲမှ သော့ပိတ်ထားသော်လည်း နေရသည်မှာစိတ်မဖြောင့်။အခန်းပြင်မှခြေသံများကြားနေရသကဲ့သို့ထင်မိလေသည်။
~~~~~~~~~~~~~~~~~~~~~
"ချောက် "ချောက်ခနဲမြည်သံခပ်တိုးတိုးထွက်ပေါ်လာပြီးနောက်တွင် ပထမထပ်၏ထိန်ထိန်လင်းနေသော စင်္ကြန်မီးအလင်းရောင်များမှာ မှိန်ဖျော့ဖျော့အဖြစ်သို့ပြောင်းလဲသွားကြလေသည်။ထိုသို့ခပ်မှိန်မှိန်မီးအလင်းရောင်အောက်တွင် တစ်ကိုယ်လုံးကို အနက်ရောင်ဆင်မြန်းထားသော မည်းမည်းသဏ္ဍာန်တစ်ခုကစင်္ကြန်လမ်းအတိုင်း လှုပ်ရှားသွားလာနေလေသည်။မည်းမည်းသဏ္ဍာန်သည် စင်္ကြန်လမ်းအတိုင်းသွားနေရင်းမှနောက်ကျောမလုံသကဲ့သို့ ဘေးဘီဝဲယာသို့ လှည့်ပတ်ကြည့်ရှုလိုက်လေသည်။
"ရှပ် ...ရှပ်...ရှပ် "
တရှပ်ရှပ်ခြေသံသည် မည်းမည်းသဏ္ဍာန်ဆီမှပေါ်ထွက်လာခြင်းမဟုတ်ဘဲ သူ၏ရှေ့နောက်ဝဲယာမှပေါ်ထွက်လာခြင်းဖြစ်လေသည်။မည်းမည်းသဏ္ဍာကြီးက လှမ်းလက်စခြေလှမ်းကို ရပ်တန့်ပစ်လိုက်လေသည်။
"အီး ...ရွှီး..ရွှီး "
ချောက်ချားစရာကောင်းလောက်အောင်တိတ်ဆိတ်နေသော အိမ်ကြီးထဲတွင်အသက်ရှုကြပ်နေသူတစ်ယောက်၏ အသံလိုမျိုးထွက်ပေါ်လာလေသည်။
"တောက် "
အသက်ရှုကြပ်နေသောအသံလိုမျိုး အေးစက်ချောက်ချားဖွယ်အသံကြီးထွက်ပေါ်လာပြီးနောက်တွင် စူးရှပြင်းထန်သော တောက်ခေါက်သံကျယ်ကြီးထွက်ပေါ်လာလေသည်။မည်းမည်းသဏ္ဍာန်ကြီးသည် တောက်ခေါက်သံကို ကြားလိုက်ရပြီးနောက်တွင် သူ၏ရှေ့တည့်တည့်သို့ ထိတ်လန့်တုန်လှုပ်စွာကြည့်လိုက်ပြီးလျှင်
''မြ...မြမိုးသက် " ဟုနှုတ်မှ ရေရွတ်လိုက်ပြီး နေရာမှ တစ်ဟုန်ထိုးပြေးထွက်သွားလေသည်။ထို့နောက် စင်္ကြန်လမ်းတစ်လျှောက်၌ ပြန်၍တိတ်ဆိတ်သွားလေသည်။
![](https://img.wattpad.com/cover/371117158-288-k519939.jpg)
YOU ARE READING
ရင်ဝှက်ရှိုက်သံ
Mystery / Thriller#ရင်ဝှက်ရှိုက်သံ (အခန်းဆက်ဝတ္ထု ) စ/ဆုံး Link စာရေးသူ = A Kyi Phyu ဇာတ်လမ်းအကျဉ်း သဇင်မြိုင်စံအိမ်ကြီးထဲမှ သူဌေးမရဲ့သေဆုံးမှုနဲ့ပျောက် ဆုံးနေသောသားငယ် သဇင်မြိုင်စံအိမ်ကြီးထဲမှ ခြောက်လှန့်မှုများ သဇင်မြိုင်စံအိမ်က...