#ရင်ဝှက်ရှိုက်သံ
(အခန်းဆက် ဝတ္ထု )
အပိုင်း (၃၂ )
(ဇာတ်သိမ်းပိုင်း )
****************အောက်ထပ်သို့ အပြေးတစ်ပိုင်းနှင့်ဆင်းသွားသော ခင်ငြိမ်းဖြူကို ခင်မြတ်နိုးငေးကြည့်နေပြီးမှ ခက်ထန်ဘက်သို့ လှည့်ကြည့်လိုက်ပြီး ရယ်ဟဟ နှင့်ပြောလိုက်သည်။
"ဘယ်လိုလဲ ဆရာကြီးရဲ့...ကောင်မလေးကိုချစ်စကားပြောဖို့က ..တရားခံဖမ်းတာထက်ခက်နေတာလား ..... မင်းကို ငါချစ်တယ် .. ငါ့ကို ထားပြီး မသွားပါနဲ့နော်လို့ပြောလိုက်ရင် ပွဲကပြီးနေပြီလေ ...ရှင် ဘာတွေကြောက်နေတာလဲ ကိုချမ်းရဲ့ ..ရှင်နဲ့တော့ခက်နေပြီ..ခုနလဲမဆိုင်တဲ့စကားတွေလျှောက်ပြောနေတယ် ...ကိုယ်ချစ်နေတဲ့ ကောင်မလေးကို ..မင်းလစာနည်းလို့လား ..လစာဘယ်လောက်တိုးပေးရမလဲလို့မေးစရာလား ကိုချမ်းလင်းဦးရဲ့ ..ရှင်တကယ်ပဲမလွယ်ဘူးနော် ..ကျွန်မတက်လာလို့ပေါ့ ..မဟုတ်ရင် ရှင်တို့နှစ်ယောက်ကိစ္စက အလုပ်သမားဝန်ကြီးဋ္ဌာနအထိ ရောက်သွားနိုင်တယ် "
" ကျွစ် ..မသိတော့ပါဘူး .... အဲ့ဒီတလွဲမလေးက ..ဘာတွေတွေးနေမှန်းမသိတော့ .... ကျွန်တော်လဲ ပါးစပ်ထဲရှိရာ လျှောက်ပြောပစ်လိုက်မိတာ...သူက လူကိုလဲမကြည့်ဘဲ မှုန်တေတေနဲ့ရပ်နေတော့ ...ဘာပြောရမှန်းမသိဖြစ်သွားမိတာပေါ့ ..."
ခက်ထန်၏စကားကြောင့် ခင်မြတ်နိုး အားပါးတရ ရယ်ချပစ်လိုက်ပြီး
"ဘာပြောရမှာလဲ ကိုချမ်းရယ် ..ချစ်ရင်ချစ်တယ်လို့ ပြောလိုက်ပေါ့ ..သူကရှင့်ကိုချစ်နေတယ်ဆိုတာကို ..လူပုံအလယ်မှာဒေါ်အေမီမျိုးက ဖွင့်ချသွားပြီးပြီလေ ..ရှင့်ဘက်ကဖွင့်ချဖို့ပဲ ကျန်တော့တာရှင် ...ဒီပုံအတိုင်းဆိုရင်ရှင်တော့ ကျန်ရစ်ဖြစ်တော့မှာပဲ .."
ခင်မြတ်နိုးက ခက်ထန်ကိုစနောက်ပြီး အောက်ထပ်သို့ ပြန်ဆင်းခဲ့လေသည်။
~~~~~~~~~~~~~~~~~~~~
" ငြိမ်းက ..အလှူပြီးရင် သဇင် မြိုင်က ထွက်သွားမလို့ဆို "ခင်မြတ်နိုး၏ အမေးကြောင့် ခင်ငြိမ်းဖြူခေါင်းငြိမ့်ပြလိုက်မိသည်။
"မြတ်နိုးက ပွင့်ပွင့်လင်းလင်းပဲ ပြောတတ်လို့ ပြောမယ်နော်..ငြိမ်းကိုကြည့်ရတာ ...မြတ်နိုးနဲ့ကိုချမ်းကိုအထင်လွဲနေတာထင်တယ်..မြတ်နိုးနဲ့ကိုချမ်းက သူငယ်ချင်းတွေပါ ငြိမ်းရဲ့....မြတ်နိုးက ရဲတပ်ဖွဲ့ထဲဝင်လိုက်တော့ ကိုချမ်းရဲ့အမှုအတွက်ပိုပြီးခင်မင်သွားကြတယ်လေ ... မြတ်နိုးတို့ကြားမှာဒီထက်မပိုပါဘူး...မြတ်နိုးမှာလဲ ချစ်ရမဲ့သူရှိပြီးသားပါနော်... ပြီးတော့ငြိမ်းကို ပြောပြစရာရှိသေးတယ် ... ကိုချမ်းခမျာ ငြိမ်းကိုသူ့ပြဿနာထဲကို ဆွဲသွင်းပြီးကတည်းက ငြိမ်း အတွက်သိပ်စိုးရိမ်နေခဲ့ရှာတာ ... ငြိမ်းက အိပ်မက်အကြောင်းကို ... ကိုကျော်မင်းကို ပြောလိုက်တဲ့နေ့ကစပြီး သူ့ခမျာညတောင် ဖြောင့်ဖြောင့်မအိပ်နိုင်ဘူး ...တကယ်ဆို့ တို့တွေ အစီအစဉ်ဆွဲထားတဲ့ရက်က လိုသေးတယ်....ငြိမ်းကအိပ်မက်အကြောင်းကိုရော ... စာအုပ်အကြောင်းကိုပါ လူတကာကို လျှောက်ပြောနေတော့... သူအရမ်းလန့်သွားပြီး...တို့အဖွဲ့ကို ချက်ချင်းခေါ်ပြီး ဆွေးနွေးတယ်လေ ...အဲ့ဒီနေ့ကဆို သူ့ခမျာ ဟန်တောင်မဆောင်နိုင်ဘဲ ဆရာသက်ခိုင်ကိုအတင်းတောင်းပန်ရှာတာ ... ငြိမ်း ဒုက္ခရောက်မှာစိုးလို့ ကယ်ပေးပါတဲ့လေ ...ငြိမ်းမှတ်မိမလား မသိဘူး ... ဒေါ်အေမီမျိုးက ရတနာဘူးတွေ ထုတ်ပြတဲ့နေ့ကလေ ... အဲ့ဒီနေ့က ကိုချမ်းကအပြင်သွားမယ်လို့ အားလုံးရှေ့မှာ ပြောခဲ့တယ်မဟုတ်လား ... တကယ်တော့ သူအဲ့ဒီညက ငြိမ်းရဲ့အခန်းရှေ့ကအခန်းထဲမှာ တစ်ညလုံးရှိနေခဲ့တာပါ "
YOU ARE READING
ရင်ဝှက်ရှိုက်သံ
Mystery / Thriller#ရင်ဝှက်ရှိုက်သံ (အခန်းဆက်ဝတ္ထု ) စ/ဆုံး Link စာရေးသူ = A Kyi Phyu ဇာတ်လမ်းအကျဉ်း သဇင်မြိုင်စံအိမ်ကြီးထဲမှ သူဌေးမရဲ့သေဆုံးမှုနဲ့ပျောက် ဆုံးနေသောသားငယ် သဇင်မြိုင်စံအိမ်ကြီးထဲမှ ခြောက်လှန့်မှုများ သဇင်မြိုင်စံအိမ်က...