ရင်ဝှက်ရှိုက်သံ 11

223 5 0
                                    

#ရင်ဝှက်ရှိုက်သံ
(အခန်းဆက်ဝတ္ထု)
အပိုင်း (၁၁)
*******************^***
"ဘာ..ဘာသံကြီးလဲဟ... မိန်းမ ..မင်း..မင်းကြားလိုက်လား .."

      ကိုထက်နိုင်သည်ပင်တုန်လှုပ်သွားရပြီး အထိတ်တလန့်ဖြင့်မေးလိုက်သည်။

"မ ..မသိဘူး ..ကြက်သီးတွေ ထလိုက်တာ "
    
        အိအိခိုင်က တံခါးကိုအမြန်ဆွဲပိတ်လိုက်ရင်း  တုန်တုန်ယင်ယင်နှင့် ပြန်ဖြေလိုက်သည်။ပြီးနောက် နှစ်ယောက်သား မီးမပိတ်တော့ဘဲ တစ်ယောက်ဘေးတွင်တစ်ယောက်ကပ်ထိုင်လိုက်မိကြသည်။

~~~~~~~~~~~~~~~~~~~
"ဘာပြောတယ် အငယ်မ ... မဟုတ်တာတွေကွာ ..သူဆုံးသွားတာပဲ (၁၅) နှစ်တောင်ပြည့်တော့မယ်လေ.... မဖြစ်နိုင်တာ မပြောနဲ့ "

"ညီမလေးတို့နှစ်ယောက်လုံးကြားလိုက်ရတာ ကိုထွန်းရဲ့ ...ကိုထက်နိုင်က လူပါမြင်လိုက်ရတယ် ..အရပ်မြင့်မြင့်ဆံပင်ရှည်ရှည်နဲ့တဲ့ "

         အိအိခိုင်၏ စကားကြောင့်ဒေါ်နီလာမျိုး ခေါင်းကိုဆတ်ခနဲ့မော့ကြည့်လိုက်ပြီး

"အရပ်မြင့်မြင့်ဆံပင်ရှည်ရှည်နဲ့ဟုတ်လား ...ဒါ ..ဒါဆို ငါလဲ ...ခြံထဲမှာမြင်လိုက်တယ်"

" အမေရယ် မဟုတ်တာတွေ ..အဲ့ဒါ အမေအမြင်မှားတာနေမှာပါဆို  "

        အေမီမျိုးက ဖာဖာထေးထေးနှင့် ၀င်ပြောလိုက်သည်။ကိုထွန်းနိုင်ဦးမှာ နံနက်စာကိုပင် ဆက်မစားနိုင်ဘဲ စိတ်ရှုပ်ထွေးသွားရလေသည်။

"ကဲ ....ဒီလိုလုပ် .. ဒီလောက်တောင်ဖြစ်နေရင်လဲ  ..အိမ်မှာ ဘုန်းကြီးဆွမ်းကပ်လှူပြီး... ပရိတ်တရားနာကြမယ် ..ပြီးတော့ အဲ့ဒီအခန်းကိုဖျက်လိုက်ရင်ရော  ...ဘယ်လိုလဲသားကြီး "

         ယောက္ခမဖြစ်သူ ဒေါ်စန်းစန်းရီ၏စကားကြောင့် အေမီ မျိုးမျက်လုံးပြူးသွားရပြီး

"အဲ့ဒီလိုဆိုရင် အိမ်ကအရုပ်ဆိုးသွားလိမ့်မယ်လေ အန်တီ ..ဒီလိုလုပ်ပါလား ...အဲ့ဒီအခန်းကြောင့် စိတ်မသန့်ဖြစ်နေကြတယ်ဆိုရင် ...အဲ့ဒီအခန်းထဲမှာ ငြိမ်းကိုပြောင်းနေခိုင်းလိုက်ပါ့မယ် ...ငြိမ်းက ဘုရားတရားလဲလုပ်တော့ အဆင်ပြောမှာပါ  ''

ရင်ဝှက်ရှိုက်သံWhere stories live. Discover now