#ရင်ဝှက်ရှိုက်သံ
(အခန်းဆက်ဝတ္ထု )
အပိုင်း (၂၉)
****************************
အချိန်ကနံနက် (၇)နာရီကျော်။သဇင်မြိုင်စံအိမ်ကြီး၏ မြေညီထပ်တွင်အိမ်အကူသုံးယောက်မှာ အလုပ်များနေကြပြီးဖြစ်သော်လည်း အပေါ်ထပ် များတွင်မူ တိတ်ဆိတ်ငြိမ်သက်လျက်ရှိလေသည်။
တိတ်ဆိတ်နေသော စင်္ကြန်လမ်းပေါ်တွင် လူတစ်ယောက်ခပ်သွက်သွက်လမ်းလျှောက်နေပြီးလျှင် အခန်းတစ်ခန်းရှေ့သို့ ရောက်သောအခါဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှူလိုက်ပြီးနောက် အခန်းထဲသို့ လျင်မြန်စွာဝင်သွားခဲ့လေသည်။ထိုသူသည်အခန်းထဲသို့ ရောက်သေအခါ အခန်းထဲရှိပစ္စည်းများကိုလှန်လှောပြီး တစ်စုံတစ်ရာကို အသည်းအသန်ရှာဖွေနေလေသည်။"ချောက် "
ထိုစဉ်မှာပင်အခန်းတံခါးမှာ ချောက်ခနဲပွင့်သွားပြီးလျှင် အခန်းထဲသို့ လူတစ်ယောက် ဝင်လာခဲ့ပြီး အရင်ရောက်နှင့်နေသူကို လှမ်းမေးလိုက်လေသည်။
" စာအုပ်က ရှိတာသေချာလို့လား ...ဒီလောက်ရှာနေတာ မတွေ့ဘူးဆိုတော့ ဟုတ်ရောဟုတ်လို့လား အဖေ "
" အေး ..မဟုတ်ဘဲ သူကဘာလို့လျှောက်ပြောနေမှာလဲ...အသက်ရှူကြပ်တယ်ဆိုတာကိုရော အဲ့ဒီကောင်မလေးက ဘယ်လိုသိမှာလဲကွ "
" မသိတော့ဘူး အဖေရာ .. ဒီလောက်ရှာနေတာ တွေ့မှမတွေ့တာ ..စာကြည့်ခန်းတွေထဲရောလိုက်ရှာရဲ့လား "
" ရှာတာပေါ့ ...နှံ့နေပြီ ဘယ်မှာမှမရှိဘူး "
"ဒါနဲ့ နေပါအုံးအဖေရယ်..အဲ့ဒီစာအုပ်ထဲမှာ ဘာအကြောင်းပါနိုင်လို့ ဒီလောက်ရှာနေရတာလဲ ....သူဆုံးမဲ့နေ့က အဖေသူ့အခန်းထဲက၀င်သွားခဲ့တယ် ..ပြီးတော့ သူနဲ့စကားများတယ် ...စကားများနေရင်း အဖေသူ့ကိုလည်ပင်းညစ်လိုက်တယ်မဟုတ်လား ... ပြီးတော့ ပြန်လွှတ်ပေးလိုက်ချိန်မှာ သူအသက်ရှူကြပ်ပြီး အမောဖောက်နေတာလေ "
''ဟုတ်တယ်လေ ...ငါလဲ သူ့ကိုလည်ပင်းညစ်လိုက်မိတာ ..သူကအမောဖောက်လာလို့ လန့်ဖျပ်သွားပြီး ချက်ချင်းပြန်လွှတ်ပေးလိုက်တယ် ... အဲ့ဒီအချိန်မှာ သူကအမောဖောက်နေပြီး ..ငါလဲအစကတော့ ဆရာဝန်ခေါ်ပေးဖို့တွေးမိပါသေးတယ် ... ဒါပေမဲ့ ဆရာဝန်ခေါ်လိုက်လို့ သူပြန်ကောင်းသွားခဲ့ရင် ငါတို့ဘ၀တွေလမ်းဘေးရောက်မှာ ....ငါလဲထောင်ထဲရောက်မှာ အဲ့ဒါကြောင့်မင်းတို့အတွက်နဲ့ ..ငါ့ မြမိုးသက်ကို သ*တ်လိုက်မိသလို ဖြစ်သွားခဲ့ရတာ ...တကယ်တမ်းက ငါလဲ သ*တ်တာမဟုတ်ဘူး ... သူ့ဘာသာ နှလုံးရောဂါကြောင့် အမောဖောက်ပြီး * ဆုံးသွားတာက ..."
YOU ARE READING
ရင်ဝှက်ရှိုက်သံ
Mystery / Thriller#ရင်ဝှက်ရှိုက်သံ (အခန်းဆက်ဝတ္ထု ) စ/ဆုံး Link စာရေးသူ = A Kyi Phyu ဇာတ်လမ်းအကျဉ်း သဇင်မြိုင်စံအိမ်ကြီးထဲမှ သူဌေးမရဲ့သေဆုံးမှုနဲ့ပျောက် ဆုံးနေသောသားငယ် သဇင်မြိုင်စံအိမ်ကြီးထဲမှ ခြောက်လှန့်မှုများ သဇင်မြိုင်စံအိမ်က...