ရင်ဝှက်ရှိုက်သံ 31

301 5 0
                                    

#ရင်ဝှက်ရှိုက်သံ
(အခန်းဆက်ဝတ္ထု )
အပိုင်း (၃၁)
*********************

         ခက်ထန်နှင့်အတူ၀င်လာကြသူများကို အားလုံးလှမ်းကြည့်လိုက်သောအခါ ရှေ့ဆုံးမှ ဝင်လာသူများမှာဒေါ်မြမိုးသက်၏ရှေ့နေ့ကြီးနှင့်လက်ထောက်ရှေ့နေဖြစ်ပြီး၊ သူတို့၏နောက်တွင် ဖိုးချမ်း၏ ဘိုးလေးဖြစ်သူဦးကျော်မြင့်တို့ဇနီးမောင်နှံဖြစ်လေသည်။။ဦးကျော်မြင့်တို့၏နောက်တွင် ခြံစောင့်ကြီးဦးဘောက်မော်ရှိနေခဲ့ပြီး ဦးဘော်မော်၏နောက်တွင် အသက် (၅၀) ကျော်အရွယ် အမျိုးသမီးကြီးတစ်ယောက်ကိုတွေ့ရလေသည်။ကိုကျော်မင်းသည် ထိုအမျိုးသမီးကြီးကို ကြည့်ပြီးလျှင် လက်ညှိုးထိုးလိုက်ပြီး

"သူပဲ ..သူကခက်ထန်ရဲ့ အမေပဲ .."
        ပြူးပြူးပျာပျာဖြစ်နေသောကျော်မင်းအား ကိုသက်ခိုင်က လှည့်ကြည့်လိုက်ပြီး

" ဟုတ်ပါတယ် ကိုကျော်မင်း ... သူက ခက်ထန်ရဲ့မိခင်ပါ ..အခုဒီကိစ္စတွေအားလုံးကို ရှင်းပြပါ့မယ် .... ငြိမ်ငြိမ်နေပေးပါ ...ကဲ မမိုးကိုမေးခွန်းစမေးပါတော့မယ် ... မမိုးကသဇင်မြိုင်ကို ဘယ်အချိန်ကစရောက်ခဲ့ပြီး ..ဘာကြောင့်တစ္ဆေသရဲအဖြစ် ဟန်ဆောင်ခဲ့ရသလဲ ပြောပြပါ ..လိမ်ညာပြောရင် ကိုယ့်အဖြစ်နဲ့ကိုယ်ပါနော် "

          ကိုသက်ခိုင်၏စကားကြောင့် မိမိုးကအေမီမျိုးကို မဝံ့မရဲကြည့်လိုက်ပြီးနောက်

"ကျွန်....ကျွန်မ ...တကယ်တော့ ဒီအိမ်ကြီးထဲကိုဒေါ်နီလာမျိုးနဲ့တူတူရောက်လာခဲ့တာမဟုတ်ပါဘူးရှင် ... ကြိုရောက်နေခဲ့ပြီး ...ပထမထပ်ကအခန်း တစ်ခန်းထဲမှာ တိတ်တဆိတ်ပုန်းပြီးနေထိုင်ခဲ့ပါတယ်ရှင် ... အဲ့ဒီလို ပုန်းနေရင်းက ... သရဲဟန်ဆောင်ပြီး ဖိုးချမ်းလေးကိုခြောက်လှန့်ခဲ့ပါတယ် .. ဒီလိုခြောက်လှန့်တဲ့နေရာမှာ သူ့အမေဆွတ်နေကျရေမွှေးတွေသုံးခဲ့ပါတယ်... ပြီးတော့ မေမေကြီးနဲ့မမအေမီခိုင်းတဲ့အတိုင်း ....ဒေါ်မြမိုးသက်ရဲ့ အဝတ်အစားတွေနဲ့ပဝါတွေကိုသုံးပြီး ဒေါ်မြမိုးသက်လို့ ဖိုးချမ်းထင်သွားအောင်... အမျိုးမျိုးခြောက်လှန့်ခဲ့ရပါတယ် "

            အားလုံးက မိမိုးပြောနေသောစကားများကို အံ့ဩတကြီးနားထောင်နေကြချိန်တွင် ကိုသက်ခိုင်က မိမိုးကို၀င်မေးလိုက်သည်။

ရင်ဝှက်ရှိုက်သံWhere stories live. Discover now