ရင်ဝှက်ရှိုက်သံယော 23

250 5 0
                                    

#ရင်ဝှက်ရှိုက်သံ
(အခန်းဆက်ဝတ္ထု)
အပိုင်း (၂၃)
*******************
"မင်းအဲ့ဒီနေ့က မြင်ခဲ့သမျှကို မှတ်မိသလောက်ပြောခိုင်းတာ ..ဘာလဲသိပ်ခက်ခဲနေလို့လား "

        ခက်ထန်က မယုံသင်္ကာ အကြည့်ဖြင့်ကြည့်ရင်းမေးလိုက်သည်။

"ဟို ...မဟုတ်ပါဘူး ...အဲ့ဒီနေ့က အဖြစ်တွေကို ရှင်တကယ်ပဲ မမှတ်မိတော့တာလားဟင် ..."

         ခင်ငြိမ်းဖြူ စိတ်မကောင်းစွာပြန်မေးလိုက်မိသည်။

"ဟုတ်တယ် .. ငါဘာမှမမှတ်မိဘူး ...အဲ့ဒါကြောင့် ဘာဖြစ်ခဲ့တာလဲ သိချင်တာ... ပျော်ပွဲစားထွက်တဲ့အထဲမှာ တစ်အိမ်သားလုံးပါခဲ့သလို မင်းလဲပါတယ်လို့ ပြောတယ် .."

" ဟုတ်ပါတယ် ... ကျွန်မလဲပါတယ် ... မှတ်မိသလောက်ပြောရရင်အဲ့ဒီနေ့က...စမ်းချောင်းဘေးမှာ ရှင်ထိုင်နေခဲ့တာတွေ့တယ် ...ရေးဆင်းမကူးဘဲ တော်တော်ကြာကြာထိုင်နေခဲ့တာ...နောက်တော့ကြီးကြင်က ကျွန်မကို အလုပ်ခေါ်ခိုင်းလို့ ကြီးကြင်ကိုသွားဝိုင်းလုပ်ပေးရတယ်....နေ့ခင်းထမင်းစားချိန်ရောက်တော့ အားလုံးရောက်လာကြပေမဲ့ ရှင်ရောက်မလာခဲ့ဘူး ...."

"ဒါဆို .. ငါမရှိတာကို ဘယ်သူစသိတာလဲ  "

" စပြောတာကတော့ ကျွန်မပါ ...ရှင့်ကိုမတွေ့လို့ လေးလေးထွန်းကို မေးလိုက်မိတာ "

" ဪ ..ဒါဆို ငါ့အဖေရောကျန်တဲ့သူတွေပါ  မင်းပြောမှသိတာပေါ့ ဟုတ်လား "

" အဲ့ဒါတော့ မသိဘူးလေ .. ကျွန်မမေးလိုက်မှ အားလုံးလိုက်ရှာကြတာကိုတော့ မှတ်မိတယ် "

" အဲ့ဒါဆို အဲ့ဒီနေ့က .. ငါ့လိုပဲ အချိန်အတော်ကြာပျောက်နေတဲ့သူပဲဖြစ်ဖြစ်...နောက်ကျမှ ရောက်လာတဲ့သူပဲဖြစ်ဖြစ် မင်းမတွေ့မိတဲ့သူရှိလား..ပြီးတော့ကွာ အရမ်းပျော်နေတာပဲဖြစ်ဖြစ် တွေ့မိလား  "

          ခက်ထန်၏ အမေးကြောင့် ခင်ငြိမ်းဖြူတွေခနဲဖြစ်သွားပြီးမှ ခေါင်းကိုခါယမ်းလိုက်မိပြီး

" ဟို..ဟို အဲ့.. အဲ့ဒီနေ့က ရှင့်ကိုပဲလိုက်ကြည့်နေမိလို့ တခြားသူတွေကို သတိမထားလိုက်မိဘူး "

         ခင်ငြိမ်းဖြူ ရှက်ရွံ့စိတ်ဖြင့်တုန်တုန်ယင်ယင်ဖြေလိုက်မိသောအခါ ခက်ထန်ကဟက်ခနဲတစ်ချက်လှောင်ရယ်လိုက်ပြီး

ရင်ဝှက်ရှိုက်သံWhere stories live. Discover now