#ရင်ဝှက်ရှိုက်သံ
(အခန်းဆက်ဝတ္ထု)
အပိုင်း (၉ )
****************************
" မေ ...မေမျိုး "တင်းမာခက်ထက်နေသော အဒေါ်ဖြစ်သူ၏မျက်နှာကိုကြည့်ပြီး ခင်ငြိမ်းဖြူရင်ထဲ ကြောက်ရွံ့ ထိတ်လန့်သွားမိလေသည်။
"မင်း ... ငါနဲ့ အပေါ်ကိုလိုက်ခဲ့အုံး "" ဟုတ် ..ဟုတ်ကဲ့ မေ..မေမျိုး "
ခင်ငြိမ်းဖြူအထစ်ထစ် အငေါ့ငေါ့နှင့်ပြန်ဖြေလိုက်ရင်း အဒေါ်ဖြစ်သူနောက်မှ အပြေးလိုက်သွားခဲ့မိသည်။
~~~~~~~~~~~~~~~~~
"လာစမ်း ... ဒီအခန်းထဲကို ၀င်စမ်း "အပေါ်ဆုံးထပ်ရှိ ခပ်မှောင်မှောင် အခန်းတစ်ခန်းထဲသို့ ခေါ်သွားသောကြောင့် ခင်ငြိမ်းဖြူနားမလည်နိုင်ဘဲ အနောက်မှလိုက်ဝင်လိုက်သည်။
"မင်း ဒီမှာလက်ပိုက်ပြီး ရပ်စမ်းခင်ငြိမ်းဖြူ ..."
ကြောက်စရာမျက်နှာထားနှင့်ပြောနေသော အဒေါ်ဖြစ်သူ၏မျက်နှာကိုကြည့်ပြီး ခင်ငြိမ်းဖြူကြောက်ကြောက်နှင့် လက်ကိုပိုက်တာနံရံမှာကပ်ပြီးရပ်လိုက်သည်။
''မင်း ....ခုန အခန်းရှေ့မှာရပ်ပြီး ဘာပြောနေတာလဲ ခင်ငြိမ်းဖြူ "
အေမီမျိုး၏ မေးသံက ဒေါသသံစွက်လျက် တင်းမာခက်ထန်နေသည်။"ဟို .. ဟို ...အဲ့..အဲ့ဒီအခန်းထဲက ငိုသံကြားလိုက်လို့ပါ မေမျိုး ... လမ်းလျှောက်သံလဲ ကြားတယ် "
"ဘာ..ဘာပြောတယ် ..ငိုသံ ..လမ်းလျှောက်သံဟုတ်လား ...မင်းရူးနေတာလား ပြောစမ်း "
" မ ..မဟုတ်ပါဘူး မေမျိုး ..သ..သမီး ...တ..တကယ်ကြားတာပါ ."
" ဘာပြောတယ် ..နင်က ပြောလေကဲလေပါလား...နင် ...ဟိုဘက်လှည့်ရပ်စမ်း .."
"ရွှမ်း ..ရွှမ်း ...ရွှမ်း "
" အား "
ခင်ငြိမ်းဖြူနံရံကို မျက်နှာချင်းဆိုင်ပြီး ရပ်လိုက် စဉ်မှာပဲ ခြေသလုံးသားများပေါ်သို့ တရွှမ်းရွှမ်းကျရောက်လာသော ရို-က်ချက်များကြောင့် နာကျင်လွန်း၍ အသံထွက်အောင်အော်လိုက်မိလေသည်။"ပိတ်ထားစမ်း နင့်ပါးစပ်ကို ... အေး ..နောက်တစ်ခါ ဒီလိုပေါက်ကရပြောရင် ဒီထက်နာမယ် ... အထူးသဖြင့် ဒီလိုစကားတွေကို... ငါ့ယောက်ျားရှေ့မှာ မပြောမိစေနဲ့ ကြားလား ....နင့်ကို လူချစ်အောင်နေခိုင်းတာ ...သူများအမြင်ကပ်အောင်နေရင်....ငါကိုယ်တိုင်မောင်းထုတ်ပစ်မှာ ... ငါ မောင်းထုတ်လိုက်ရင် နင်ဘယ်ကိုသွားမလဲ ပြောစမ်း ...နင့်မိထွေးက ပြန်လက်ခံမယ်လို့ ထင်နေတာလား....နင့်မိထွေးက အခုတောင် ...ငါ့ဆီကနေ နင့်အတွက်လုပ်အားခဆိုပြီးလာတောင်းနေလို့ ငါပေးနေရတာကို သိရဲ့လား "
YOU ARE READING
ရင်ဝှက်ရှိုက်သံ
Mystery / Thriller#ရင်ဝှက်ရှိုက်သံ (အခန်းဆက်ဝတ္ထု ) စ/ဆုံး Link စာရေးသူ = A Kyi Phyu ဇာတ်လမ်းအကျဉ်း သဇင်မြိုင်စံအိမ်ကြီးထဲမှ သူဌေးမရဲ့သေဆုံးမှုနဲ့ပျောက် ဆုံးနေသောသားငယ် သဇင်မြိုင်စံအိမ်ကြီးထဲမှ ခြောက်လှန့်မှုများ သဇင်မြိုင်စံအိမ်က...