ရှင်ဝှက်ရှိုက်သံ 27

174 3 0
                                    

#ရင်ဝှက်ရှိုက်သံ
(အခန်းဆက်ဝတ္ထု)
အပိုင်း (၂၇)
***************************

         အခန်းတံခါးပွင့်သွားချိန်မှာ  အခန်းထဲမှမြင်ကွင်းကိုကြည့်ပြီး ခင်ငြိမ်းဖြူဒူးများ ညွှတ်ခွေကျသွားမတတ်ဖြစ်သွားရပြီး တံခါးကိုခပ်မြန်မြန်ဆွဲပိတ်လိုက်မိသည်။ခေါင်းအုံးထဲမှ မှို့များကကြမ်းပြင်တွင်ပွစာတက်၍နေလေသည်။အဝတ်အစားများထည့်ထားသောအိတ်မှာလည်း ဖရိုဖရဲဖြစ်၍နေလေသည်။နံရံကပ်ဗီရိုကြီးကို ဖွင့်ကြည့်လိုက်သောအခါတွင် အထဲမှစာအုပ်များမှာရှုပ်ပွနေသည်ကို တွေ့လိုက်ရလေ၏၊။သူမနံရံကိုမှီကာ ထိုင်ချလိုက်ပြီးမျက်နှာကို လက်ဝါးနှင့်အုပ်ကာငြိမ်သက်နေမိလေသည်။လူသ-တ်ကောင်ကသူမနှင့်လက်တစ်ကမ်းကို ရောက်နေပြီဆိုတာကိုသိလိုက်ရသောအခါ၌ ရင်ထဲစိုးထိတ်ကြောက်ရွံသွားမိသည်မှာ အမှန်ဖြစ်သည်။ယနေ့တွင် စာအုပ်ကိုရှာမတွေ့လျှင်  စာအုပ်ကိုမတွေ့မချင်း သူမကိုအချိန်ပြည့်စောင့်ကြည့်နေလောက်သည်။သို့မှရှာမရသည့်အဆုံးတွင် သူမလည်းမလှိုင်လိုဇာတ်သိမ်းသွားနိုင်ပေသည်။အကယ်၍ ဤအိမ်ကြီးရှိလူများအားလုံးသည် တစ်ကျိတ်တည်းတစ်ဉာဏ်တည်းဆိုလျှင်ဖြင့် သူမအသ-က်ဆက်ရှင်ဖို့ရန် မသေချာလှတော့ပေ။သူမသည်လည်း လှေကားပေါ်မှဖြစ်စေ၊ဝရန်တာမှပြုတ်ကျပြီးဖြစ်စေ ဘဝပြီးဆုံးသွားနိုင်သည်။ထို့သို့ဖြစ်ပြီးလျှင် ဦးထွန်းနိုင်ဦးနှင့်ဒေါ်အေမီမျိုးတို့က သူမ၏ဖခင်ကိုနစ်နာကြေးထုတ်ပေးကာ ပြဿနာမရှည်အောင်နှုတ်ပိတ်လိမ့်မည်။ သေချာသည်မှာ ဖခင်ဖြစ်သူနှင့်မိထွေးကလည်း ငွေကိုကျေကျေနပ်နပ်နှင့်လက်ခံကြပေလိမ့်မည်။ဤသို့ဆိုလျှင်ခင်ငြိမ်းဖြူဆိုသောသူမ၏ဘ၀က အလွယ်တကူပင် အဆုံးသတ်သွားလိမ့်မည်ထင်သည်။သူမထိုသို့ဖြစ်ခဲ့လျှင်ခက်ထန်ကရောမည်သို့ဖြစ်မည်နည်း။သူမအတွက် ဝမ်းနည်းနာကျင်ခံစားရမည်လား။ ခင်ငြိမ်းဖြူခေါင်းကို ခပ်သွက်သွက်ခါယမ်းလိုက်မိပြီး အတွေးများကို မောင်းထုတ်ပစ်လိုက်သည်။မိမိစမွှေးခဲ့သောမီးက လောင်ကျွမ်းနေပြီမို့  ခံနိုင်ရည်ရှိရန်အဆင်သင့်ပြင်ထားဖို့သာတွေးလိုက်မိသည်။

ရင်ဝှက်ရှိုက်သံWhere stories live. Discover now