#ရင်ဝှက်ရှိုက်သံ
(အခန်းဆက်ဝတ္ထု)
အပိုင်း (၂၁)
**************************"ခင်ငြိမ်းဖြူ ..ငြိမ်း..သမီး သတိရလာပြီလား ...."
ခင်ငြိမ်းဖြူသတိဝင်လာချိန်တွင် ခင်းငြိမ်းဖြူ၏ဘေးတွင်ဒေါ်ကြင်အပါအဝင် တစ်အိမ်သားလုံးကို တွေ့လိုက်ရလေသည်။
"မင်းနဲ့အလန့်တကြားထအော်လိုက်တာ မိငြိမ်းရယ်..ငါတို့မှာ လိပ်ပြာလွင့်မတတ်ပဲ .. ဒါနဲ့ဘာဖြစ်တာတုန်း ... အခန်းကိုရော ဘာလို့သော့ခတ်ထားရတာလဲဟဲ့ "
ဒေါ်စန်းစန်းရီက ပွစီပွစိပြောလိုက်သည်။
" ဟုတ်သားပဲ ငြိမ်းရယ် ... သော့ကခတ်ထားသေးတယ် ... ဘာဖြစ်တာလဲပြောပါအုံး ..မေမျိုးတို့ဖြင့် အသံကြားကြားချင်း အသည်းအသန်းပြေးဆင်းလာလိုက်ရတာ...ဒီရောက်တော့ သော့ခတ်ထားလို့ တံခါးကို ဖျက်ပြီးဝင်လိုက်ရတာ "
ခင်ငြိမ်းဖြူစိတ်ထဲမှာ ကြောက်လန့်စိတ်အနည်းငယ် ပြေလျော့သွားပြီဖြစ်သောကြောင့် အားလုံးကိုမော့ကြည့်လိုက်မိပြီး
"ဟို..ဟို ... ငြိမ်း..ငြိမ်း ..မ..မလှိုင်ကိုတွေ့....တွေ့လိုက်.. "
ခင်ငြိမ်းဖြူတုန်တုန်ယင်ယင်ထစ်ထစ်ငေါ့ငေါ့နှင့် ပြောနေစဉ်မှာပင် ခက်ထန်က စိတ်မရှည်နိုင်တော့ဘဲ ဝင်ပြောလိုက်သည်။
"ပြောဖို့အရေးကို ဘာဖြစ်နေတာလဲ....မလှိုင်ကိုတွေ့တယ်လို့ ပြောအုံးမလို့လား ...
ဒါမှမဟုတ် ငါ့အမေ့ဒေါ်မြမိုးသက်ကိုတွေ့တယ်လို့ ပြောအုံးမှာလား ... မင်းလဲတော်တော် တတ်နိုင်တယ်နော် ... ဆုံးသွားသမျှလူတိုင်းက ... မကျွတ်လွတ်ဘဲ မင်းကိုပဲရွေးပြီးခြောက်နေတာထင်တယ် .....လူစိတ်ဝင်စားအောင် ရူးချင်ယောင်ဆောင်မနေနဲ့ကွ .. မင်းလို အလုပ်သမားတစ်ယောက်အတွက် ငါတို့အိပ်ရေးပျက်မခံနိုင်ဘူး ..အလကားအရှုပ်ထုပ်...အပိုတွေလုပ်ပြနေတယ် .. တံခါးဖျက်လိုက်ရလို့ အမောပါဆို့တယ် "ခက်ထန်၏မောက်မာရိုင်းစိုင်းလှသော စကားကြောင့် အားလုံး ခက်ထန်ကိုကြည့်လိုက်ကြလေသည်။ညီညီကမူ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်ပြီးလျှင် ဘကြီးဖြစ်သူကို ကြည့်လိုက်ပြီး
YOU ARE READING
ရင်ဝှက်ရှိုက်သံ
Misterio / Suspenso#ရင်ဝှက်ရှိုက်သံ (အခန်းဆက်ဝတ္ထု ) စ/ဆုံး Link စာရေးသူ = A Kyi Phyu ဇာတ်လမ်းအကျဉ်း သဇင်မြိုင်စံအိမ်ကြီးထဲမှ သူဌေးမရဲ့သေဆုံးမှုနဲ့ပျောက် ဆုံးနေသောသားငယ် သဇင်မြိုင်စံအိမ်ကြီးထဲမှ ခြောက်လှန့်မှုများ သဇင်မြိုင်စံအိမ်က...