#ရင်ဝှက်ရှိုက်သံ
(အခန်းဆက်ဝတ္တု )
အပိုင်း(၁၂ )
**********************
"ဘယ်လိုလဲဗျ...ကျွန်တော် နှုတ်ဆက်လိုက်တာ အဆင်ပြေရဲ့လား .. အဖေနဲ့သားပြန်တွေ့တာဆိုတော့ အဲ့ဒီလိုနှုတ်ဆက်ရမှာမဟုတ်လား "ချက်ချင်းဆိုသလိုပင် အသံရောရုပ်ပါ မထီတရီဂျစ်ကန်ကန်မျက်နှာပေးနှင့်ဖြစ်သွားသောခက်ထန်အား ကိုထွန်းနိုင်ဦး မျက်လုံးအပြူးသားနှင့်ငေးကြည့်နေမိသည်။ခက်ထန်သည် အပေါ်ယံကြည်လျှင် ဂျစ်ကန်ကန်မျက်နှာပေးနှင့်မို့ သားဖြစ်သူနှင့် နည်းနည်းလေးမျှပင်မတူ။သို့သော်လည်း သေချာကြည့်လျှင် သူ၏ မျက်လုံးအကြည့်များနှင့်အပြုံးများက ဇနီးဖြစ်သူမြမိုးသက်နှင့်ဆင်သလို ယောက္ခထီးကြီးဦးသက်အောင်နှင့်လည်းဆင်၏။အရပ်အမောင်းမှာမူ သူ့ကိုပင် ကျော်လွန်၍ ဦးသက်အောင်ကဲ့သို့ မြင့်မားသောအရပ်အမြင့်ရှိလေ၏။
"သူ့ကိုအလုပ်ကိစ္စနဲ့ ပတ်သက်ပြီး ပြောပြီးပြီလားမျိုး ..သူရမဲ့ အကျိုးအမြတ်ကိုရော သေချာရှင်းပြထားလား "
" ပြောထားတယ် ကိုကို ..သူလဲ နားလည်ပါတယ်....ဒါပေမဲ့ သူက ..သူ့နာမည်ကို ခက်ထန်လို့ပဲခေါ်ရမယ်တဲ့လေ "
"ဟာ ...ဒါတော့ မဖြစ်ဘူးလေ ....မောင်ကျော်မင်းက သေချာ မရှင်းပြထားဖူးလား .. "
ကိုထွန်းနိုင်ဦးက ကျော်မင်းကိုလှည့်ပြီးမေးလိုက်သည်။
"ဟို ..ရှင်းပြထားပါတယ်ကိုထွန်း..."
"ဒီမှာ ဦးလေး..ကျွန်တော် စကားနည်းနည်းပြောမယ်နော် ... ဦးလေးသားနာမည်က ချမ်းလင်းဦးနော်...အိမ်အခေါ် ကတော့ဖိုးချမ်းဟုတ်တယ်နော် ...ဦးလေးသားနဲ့ကွဲသွားတာ (၁၄)နှစ် မဟုတ်လား ....ဒီ (၁၄)နှစ်မှာ ... ဖိုးချမ်းကသူရဲ့နာမည်အသစ်နဲ့ နေသားကျနေတယ်ပေါ့ ...အဲ့ဒီလို အကြောင်းပြလို့ရတယ်လေဗျာ ....ရှင်းရှင်းပြောရရင် ဖိုးချမ်းဆိုတဲ့နာမည်ကို ကျွန်တော်သဘောမကျဘူးဗျာ ...နာမည်ကပျော့လွန်းတယ် .... ယောကျာ်းမဆန်လို့မကြိုက်တာ...အဲ့ဒီတော့ တကယ့်အရေးကြီးလူတွေနဲ့တွေ့ရတဲ့အချိန်တွေမှာ ချမ်းလင်းဦးဆိုတဲ့နာမည်ကိုခေါ်ဗျာ...ကျန်တဲ့ အချိန်တွေမှာတော့ ခက်ထန်လို့
YOU ARE READING
ရင်ဝှက်ရှိုက်သံ
Bí ẩn / Giật gân#ရင်ဝှက်ရှိုက်သံ (အခန်းဆက်ဝတ္ထု ) စ/ဆုံး Link စာရေးသူ = A Kyi Phyu ဇာတ်လမ်းအကျဉ်း သဇင်မြိုင်စံအိမ်ကြီးထဲမှ သူဌေးမရဲ့သေဆုံးမှုနဲ့ပျောက် ဆုံးနေသောသားငယ် သဇင်မြိုင်စံအိမ်ကြီးထဲမှ ခြောက်လှန့်မှုများ သဇင်မြိုင်စံအိမ်က...