#ရင်ဝှက်ရှိုက်သံ
(အခန်းဆက်ဝတ္ထု )
အပိုင်း (၁၅)
***********************^မသိန်းနုကပျားသကာကဲ့သို့ချိုမြသောအသံနှင့် ပြောလိုက်ရင်း အနီးဝန်းကျင်ကိုလှည့်ပတ်ကြည့်လိုက်သည်။မသိန်းနုအကြောင်းကိုသိသော အေမီမျိုးကမသိန်းနုကိုကြည့်လိုက်ပြီး "
" ပြောစရာရှိရင်ပြောပါ အစ်မ သိန်းနုရေ .. ဒီအထပ်မှာက အမေနဲ့အလုပ်သမားတစ်ယောက်ပဲနေပြီး ... ပစ္စည်းတွေပဲထားတာလေ ..အခုလဲဘယ်သူမှမရှိပါဘူး "
" ဟုတ်...ဟုတ်လား...အဲ့ဒါဆိုရင်လဲ ရှေ့မျက်နှာနောက်ထားပြီး ပြောပါရစေယောင်းမရယ် ...အခုတလော ကိုထွန်းခိုင်ကလဲ အလုပ်သိပ်မကောင်းလို့ လေ ... အဲ့ဒါငွေလေးနည်းနည်းလောက်လိုနေလို့ပါ ''
မသိန်းနု၏စကားအဆုံးမှာ အေမီမျိုးက လက်ကာပြလိုက်ပြီး
" မျိုးသိပါတယ် အစ်မသိန်းနုရယ် ... ငြိမ်းအတွက် ထုတ်ပေးထားတဲ့လစာကပြည့်သွားပြီမဟုတ်လား ...ကဲပါ (၆)လစာ ထပ်ထုတ်ပေးလိုက်မယ် ဟုတ်ပြီလား ... အစ်ကိုထွန်းခိုင်ကိုသာ ငြိမ်းအတွက်စီစဉ်ပေးထားတဲ့ကိစ္စကို သေချာပြောပြလိုက်နော် အစ်မသိန်းနု "" စိတ်ချပါ ယောင်းမရယ် ... ငြိမ်းကောင်းစားဖို့အတွက်ပဲ ဟာ...ဘာသဘောမတူစရာရှိလဲ...ယောင်းမကောင်းသလိုသာစီစဉ်ပါ ...သွားမယ်နော် ယောင်းမ "
" မပြန်ခင် ငြိမ်းနဲ့တွေ့သွားအုံးလေအစ်မသိန်းနု ... မျိုးလဲ ဆိုင်ပြန်သွားလိုက်အုံးမယ်"
~~~~~~~~~~~~~~~~~~~~
"ဘာပြောလိုက်တယ် မိငြိမ်း.. ညည်းရူးနေတာလားပြောစမ်း...မောင်ကျော်မင်းလို ပညာတတ်ကို ညည်းကဘာလို့ လက်မထပ်ချင်ရတာလဲ ပြောစမ်းပါအုံး .."လင်ပါသမီးဖြစ်သူ ခင်ငြိမ်းဖြူကိုကြည့်ပြီး မသိန်းနု စိတ်ဆိုးမာန်ဆိုးနှင့် မေးလိုက်သည်။
" ငြိမ်း အိမ်ထောင်မပြုဘူးမေနု...ညီမလေးလဲ နောက်နှစ်ဆို ဘွဲ့ရတော့မှာပဲ ညီမလေးဘွဲ့ရပြီးရင် .. ငြိမ်း ဒီမှာမနေတော့ဘူး "
" ဘယ် ..ဘယ်လို ဒီမှာမနေဘူးဟုတ်လား ... ဒီမှာမနေလို့ ဘယ်မှာနေမှာလဲ မိငြိမ်းရဲ့ ... ငါသာ ညည်းနေရာမှာဆိုရင် ပျော်ပျော်ကြီးနေမှာ သိရဲ့လား ... တိုက်ကြီးထဲမှာ အေးအေးဆေးဆေး နေရတဲ့သူကများ ...ဘာတွေ စိတ်ဆင်းရဲနေရလို့လဲ ပြောစမ်းပါဟဲ့ "
YOU ARE READING
ရင်ဝှက်ရှိုက်သံ
Mystery / Thriller#ရင်ဝှက်ရှိုက်သံ (အခန်းဆက်ဝတ္ထု ) စ/ဆုံး Link စာရေးသူ = A Kyi Phyu ဇာတ်လမ်းအကျဉ်း သဇင်မြိုင်စံအိမ်ကြီးထဲမှ သူဌေးမရဲ့သေဆုံးမှုနဲ့ပျောက် ဆုံးနေသောသားငယ် သဇင်မြိုင်စံအိမ်ကြီးထဲမှ ခြောက်လှန့်မှုများ သဇင်မြိုင်စံအိမ်က...