#ရင်ဝှက်ရှိုက်သံ
(အခန်းဆက်ဝတ္ထု)
အပိုင်း (၁၀)
************************" ဒါက ဘာတွေတုန်း ."
ဒေါ်နီလာမျိုးကသမီးဖြစ်သူပေးသော စာရင်းဖိုင်ကို ကြည့်ပြီးမေးလိုက်သည်။
"အဲ့ဒါတွေက ဟိုမိန်းမမြမိုးသက်ရဲ့ အမွေခွဲဝေမှုသေတမ်းစာမိတ္တူပဲအမေ ... "
"နေပါအုံး သမီးရယ် .. မြန်မာ့ဓလေ့ထုံးစံမှာသေတမ်းစာထားလို့မရဘူးလေ ... လင့်ပစ္စည်း မယားတစ်ဝက်ပိုင်သလို...မယားပစ္စည်းလဲလင်ပိုင်တယ်လေ... သူတို့ထဲက တစ်ယောက်မရှိတော့ရင် ကျန်တဲ့တစ်ယောက်ကပိုင်တာပဲလေ "
"အခု အဲ့ဒီလိုမဟုတ်ဘူးအမေ ရဲ့ ... အားလုံးက ဟိုအရူးကောင်လေးနာမည်တွေနဲ့ ထားထာတာတဲ့ ...ကိုထွန်းနိုင်ဦးကအမွေထိန်းတစ်ဦးအဖြစ်ပဲရှိတာ..ပြီးတော့ ပိုင်ဆိုင်မှုတွေအားလုံးကို အရူးကောင်လေး (၂၅) နှစ်ပြည့်ရင်လွှဲပြောင်းပေးရမှာ ...တကယ်လို့များ အဲ့ဒီအချိန်မှာ ကောင်လေးက လောကကြီးမှာ မရှိတော့ဘူးဆိုရင် ..ကိုထွန်းနိုင်ဦးကပိုင်ဆိုင်မှုတွေရဲ့ သုံးပုံတစ်ပုံပဲရပိုင်ခွင့်ရှိကျန်တာတွေကို လှူပစ်ရမယ်တဲ့ "
"ဘာ ..ဘာပြောတယ် ..မဖြစ်နိုင်တာတွေပဲ ...ဘယ်လိုပေါက်တတ်ကရ သေတမ်းစာလဲ... "
ဒေါ်နီလာမျိုးက ဒေါသတကြီးနှင့်ထအော်လိုက်၏။
" ဟုတ်တယ် အမေ ...ကိုထွန်းနိုင်ဦးလဲ ဒီကိစ္စကိုမကြာခင်ကမှသိလိုက်ရတာ ...."
"ဟင် ...အဲ့ဒါဆို ဘယ်လိုလုပ်မလဲ ..သေတမ်းစာကအကျုံးဝင်လို့လား "
" အကျုံးဝင်တယ် အမေရဲ့ ... သူက မိန်းမလည်မပါဆို ... သူ့မိဘတွေဆုံးပြီးမကြာခင်ကတည်းက သူ့မှတ်ပုံတင်မှာပါ ဘာသာကူးပြောင်းထားတာ .."
"အို ..လည်လိုက်တဲ့မိန်းမလည်မပဲ ... ဒါဆို အခုဘယ်လိုလုပ်ကြမလဲ "
" အဲ့ဒီကိစ္စကို .. သမီးတို့အခုတိုင်ပင်နေကြတယ်အမေ ... အချိန်တော့ရပါသေးတယ်...အဲ့ဒီကောင်အသက်ရှိနေသေးရင် အခုမှအသက် (၂၄) ပဲရှိအုံးမှာ...ဒီကြားထဲမှာ သမီးတို့တစ်ခုခုစီစဉ်ရမှာ... အရင်ဆုံး သူ့ကိုပြန်တွေ့တဲ့ပုံစံမျိုးလုပ်ရမှာပေါ့ "
YOU ARE READING
ရင်ဝှက်ရှိုက်သံ
Mystery / Thriller#ရင်ဝှက်ရှိုက်သံ (အခန်းဆက်ဝတ္ထု ) စ/ဆုံး Link စာရေးသူ = A Kyi Phyu ဇာတ်လမ်းအကျဉ်း သဇင်မြိုင်စံအိမ်ကြီးထဲမှ သူဌေးမရဲ့သေဆုံးမှုနဲ့ပျောက် ဆုံးနေသောသားငယ် သဇင်မြိုင်စံအိမ်ကြီးထဲမှ ခြောက်လှန့်မှုများ သဇင်မြိုင်စံအိမ်က...