#ရင်ဝှက်ရှိုက်သံ
(အခန်းဆက်ဝတ္ထု )
အပိုင်း (၃၀)
******************************ခက်ထန်က အေမီမျိုးကို စူးစူးရဲရဲစိုက်ကြည့်လိုက်ပြီး
''စိတ်အေးအေးထားပါ ဒေါ်အေမီမျိုးရဲ့...ကျုပ်က ခင်ဗျားကို ဘာမှမလုပ်ပါဘူးဗျာ ....ကျော် မင်းဆိုတဲ့ ခင်ဗျားရဲ့အချစ်တော်လေးကပဲ ခင်ဗျားကို ဖော်ကောင်လုပ်မှာပါ "
" ဘာ ..နင်ဘာတွေကလိမ်ကကျစ်ပြောနေတာလဲ ခက်ထန် ... "
" ကျုပ်ဘာမှ မပြောပါဘူးဗျာ .. ဟော့ဒီမှာ ခင်ဗျားတို့ဓါတ်ပုံတွေက ခင်ဗျားတို့အကြောင်း တွေကိုပြောနေတာလေ .. ဓါတ်ပုံတွေတင်မကဘူး ...အိပ်ခန်းထဲကဗီဒီယိုဖိုင်တွေလဲရှိသေးတယ်ဗျ ... ကဲ ... ဦးထွန်းနိုင်ဦး ရေ .. မယားကြီးဒေါ်မြမိုးသက်ကို အဖေလုပ်သူကလည်ပင်းညှစ်နေမှန်း သိသိနဲ့ဝင်မဆွဲခဲ့ဘဲ .... အမောဖောက်နေတဲ့ ဇနီးကို သေအောင်တမင်ပစ်ထားပြီးသေစေခဲ့တဲ့သူကြီး ... မယားကြီးကို အဲ့ဒီလိုသ-တ်ပစ်ပြီး ....ယူခဲ့တဲ့ အဖိုးတန်မယားငယ်မအကြောင်ကို သိချင်ရင် ဓါတ်ပုံတွေသာကြည့်ပေတော့ "
ခက်ထန်က နှုတ်မှပြောရင်း စားပွဲပေါ်သို့ ဓါတ်ပုံတစ်ထပ်ကို ပစ်ချပေးလိုက်လေသည်။စားပွဲပေါ်သို့ကျလာသော ဓါတ်ပုံများမှာ အေမီမျိုးနှင့် ကျော်မင်းတို့၏ ခိုးကြောင်ခိုးဝှက်ချစ်ကြည်နူးနေသော ပုံများဖြစ်လေသည်။
ဒေါ်စန်းစန်းရီတို့နှင့်ကိုထွန်းနိုင်ဦးတို့သားအဖမှာ ဓါတ်ပုံများကို ကောက်ယူကြည့်လိုက်ကြပြီးလျှင် ကိုထွန်းနိုင်ဦးသည် ထိုင်နေရာမှ ဝုန်းခနဲထရပ်လိုက်ပြီးလျှင်"အေမီမျိုး ....အယုတ်တမာမ...တကယ်တော့ မင်းကို သ*တ်ရမှာပဲ "
" ကိုထွန်းနိုင်ဦး ရပ်လိုက်ပါ "
ဒေါသတကြီးနှင့်ထလာသောကိုထွန်းနိုင်ဦးကို ကိုသက်ခိုင်ကဆွဲတားလိုက်သည်။
ခက်ထန်ကဒေါသဖြစ်နေသော ဦးထွန်းနိုင်ဦးကိုကြည့်လိုက်ပြီး
"စိတ်ထိန်းပါအုံး ..ဦးထွန်းနိုင်ဦးရဲ့ ... ကျွန်တော်ပြောတာ မပြီး သေးဘူးဗျ.. ဒေါ်အေမီမျိုးမှာ ကျော်မင်းအပြင် နောက်တစ်ယောက်ရှိသေးတယ်ဗျ ..သူ့နာမည်ကဇော်နိုင်တဲ့....အမွေကိစ္စတွေပြီးတာနဲ့ အဲ့ဒီကောင်နဲ့ တခြားနိုင်ငံကို လစ်ဖို့စီစဉ်ထားတာဗျာ ... ဟော့ဒီမှာ ဇော်နိုင်ဆိုတဲ့ကောင်နဲ့ပုံတွေ ကြည့်လိုက်ပါအုံး "
YOU ARE READING
ရင်ဝှက်ရှိုက်သံ
Mystery / Thriller#ရင်ဝှက်ရှိုက်သံ (အခန်းဆက်ဝတ္ထု ) စ/ဆုံး Link စာရေးသူ = A Kyi Phyu ဇာတ်လမ်းအကျဉ်း သဇင်မြိုင်စံအိမ်ကြီးထဲမှ သူဌေးမရဲ့သေဆုံးမှုနဲ့ပျောက် ဆုံးနေသောသားငယ် သဇင်မြိုင်စံအိမ်ကြီးထဲမှ ခြောက်လှန့်မှုများ သဇင်မြိုင်စံအိမ်က...