#ရင်ဝှက်ရှိုက်သံ
(အခန်းဆက်ဝတ္ထု )
အပိုင်း (၂၅ )
***************************
ခင်ငြိမ်းဖြူက ဝှက်ယူလာသောစာအုပ်ကို ခက်ထန် ဆီသို့ကမ်းပေးလိုက်သည်။"ဒါဘာလဲ "
ခင်ငြိမ်းဖြူပေးတာကို လှမ်းယူရင်း ခက်ထန်ကပြန်မေးလိုက်၏။
" ကျွန်မ အခုနေတဲ့အခန်းထဲမှာတွေ့တဲ့စာအုပ်ပါ ..ကိုခက်ထန် ဖတ်ကြည့်ရင်သိပါလိမ့်မယ်... ဒီစာအုပ်ကိုဖတ်ပြီးရင် စိတ်လိုက်မာန်ပါတော့ မဆုံးဖြတ်ပါနဲ့နော်....ပြီးတော့ သတိနဲ့လဲနေစေချင်တယ် ... ညတုန်းက လေးလေးထွန်းပြောတာကိုကြားတယ်မဟုတ်လား... ကိုခက်ထန်အသက် (၂၅)နှစ်ပြည့်ပြီးရင် ဒီအိမ်ကြီးကိုရောင်းမယ်လို့ပြောနေတာလေ "
"အဲ့ဒါတွေထားလိုက်စမ်းပါကွာ အရေးမကြီးပါဘူး ... အရေးကြီးတာတစ်ခု မင်းကို ပြောမယ်...မင်းအဒေါ်က နောက်လထဲမှာ ကိုကျော်မင်းနဲ့ မင်းကိုလက်ထပ်ပေးဖို့စီစဉ်လိမ့်မယ် ..သူဘာလို့ ဒီလောက်လောနေတာလဲဆိုတဲ့အကြောင်းကို ရှာရမယ် ..သူတို့ဒီအတိုင်းနေနေလို့ရရဲ့သားနဲ့ ....မင်းနဲ့ မင်္ဂလာပွဲကို မဖြစ်မနေလုပ်ပေးချင်နေတာက ....နောက်ကွယ်မှာ အကြောင်းရှိလိမ့်မယ် ..မင်း သတိထားပြီးဟန်ဆောင်နေပါ .. ဒီကြားထဲမှာငါတို့ကိစ္စ မအောင်မြင်ခဲ့ရင် မင်္ဂလာပွဲနီးလာတာနဲ့ မင်းကိုတခြားနေရာကို ပို့ပေးမယ် .. အေး တစ်ခုတော့ရှိတယ် ..မင်းက သူ့လူကိုယ့်ဘက်သားလုပ်ပြီး ငါ့ကိုသစ္စာဖောက်မယ်တော့ မကြံနဲ့နော် ... ခက်ထန်ဆိုတဲ့ကောင်ကရက်စက်ရင် ...သူများထက်ရက်စက်တတ်တယ်ဆိုတာ သိထားပါ "
သူ့နှုတ်မှပြောထွက်ရက်သော စကားလုံးများကြောင့် ခင်ငြိမ်းဖြူရင်ထဲစူးအောင့်နာကျင်သွားရသည်။သို့သော်လည်း သူ့အပေါ်မှာ မုန်းတီးစိတ်ဆိုးခြင်းများမခံစားရတော့ပါလေ။ဒေါ်အေမီမျိုး၏လုပ်ရပ်က မုန်းတီးစက်ဆုပ်စရာကောင်းလှသလို ဒေါ်အေမီမျိုးနှင့်ပတ်သက်နေသောသူမအား မယုံကြည်နိုင်ဘဲဖြစ်နေတာကို နားလည်းပေးနိုင်ပါလေသည်။
"ယုံတာ ..မယုံတာက ကို ခက်ထန်ရဲ့ကိစ္စပါ ...ကျွန်မကတော့ ဒီအိမ်ကြီးထဲက အမြန်ဆုံးထွက်သွားရဖို့ပဲ စိတ်ဝင်စားပါတယ် ...ကိုခက်ထန် သိချင် နေတဲ့ ပျော်ပွဲစားထွက်တဲ့နေ့က ဘယ်သူတွေဘာတွေလုပ်ခဲ့လဲ ..ဘာတွေဖြစ်ခဲ့လဲဆိုတာကို ကျွန်မစုံစမ်းပေးမယ် .. ပြီးတော့ စာအုပ်ဖတ်ပြီးသွားခဲ့လို့ ..ခိုင်းစရာပေါ် လာခဲ့ရင် အချိန်မရွေးပြောပါရှင် "
YOU ARE READING
ရင်ဝှက်ရှိုက်သံ
Mistério / Suspense#ရင်ဝှက်ရှိုက်သံ (အခန်းဆက်ဝတ္ထု ) စ/ဆုံး Link စာရေးသူ = A Kyi Phyu ဇာတ်လမ်းအကျဉ်း သဇင်မြိုင်စံအိမ်ကြီးထဲမှ သူဌေးမရဲ့သေဆုံးမှုနဲ့ပျောက် ဆုံးနေသောသားငယ် သဇင်မြိုင်စံအိမ်ကြီးထဲမှ ခြောက်လှန့်မှုများ သဇင်မြိုင်စံအိမ်က...