#ရင်ဝှက်ရှိုက်သံ
(အခန်းဆက်ဝတ္ထု )
အပိုင်း (၈)
**************************
"အားလုံးစားဖို့အဆင်သင့်ဖြစ်ပါပြီရှင် "အိမ်အကူမိစိုး၏ အော်သံ အဆုံးတွင် ဟေးခနဲအော်သံများနှင့်အတူ စားဖို့ပြင်ဆင်ထားသောနေရာသို့ ရေကူးနေသူများအားလုံး အပြေးရောက်ရှိလာကြ၏။
ခင်ငြိမ်းဖြူမှာ တစ်ယောက်ပြီးတစ်ယောက်ရောက်လာကြသူများကိုကြည့်ရင်း တစ်စုံတစ်ယောက်ကိုရှာဖွေနေမိသည်။စမ်းချောင်းနားသို့ စရောက်ကတည်းက ခင်ငြိမ်းဖြူမှာ ကြီးကြီးကြင်နှင့်မမစိုးတို့ကို ကူညီလုပ်ကိုင်ပေးနေရသောကြောင့် ဖိုးချမ်းကိုသတိမထားမိဘဲဖြစ်သွားခဲ့ရသည်။ရောက်ရောက်ချင်းတုန်ကတော့ စမ်းချောင်းနားတွင် ထိုင်နေသည်ကို ခင်ငြိမ်းဖြူ တွေ့သည်။စမ်းချောင်းနားမှာ က သူ့မိသားစုများရော တခြားသူများပါရှိနေသောကြောင့် ခင်ငြိမ်းဖြူဆက်ပြီးကြည့်မနေမိခြင်းဖြစ်သည်။
စားသောက်ဖို့ရန် အခင်းများခင်းကျင်းပြင်ဆင်ထားသောနေရာသို့ တစ်ယောက်ပြီးတစ်ယောက် ရောက်လာခဲ့ကြသော်လည်း ဖိုးချမ်းကို မတွေ့ရသောကြောင့် ခင်ငြိမ်းဖြူ စိတ်ထဲပူပန်လာမိသည်။သူက သူမတို့လို့မဟုတ်ဘဲ ကျန်းမာရေးမကောင်းရှာဟုသော အသိစိတ်ကြောင့် စိတ်ထဲမှာစိုးရိမ်လာမိသည်။ကျန်လူများကတော့ ဖိုးချမ်းပျောက်နေသည်ကို သတိထားမိကြပုံမရဘဲ ရယ်ရယ်မောမောနှင့် စကားပြောနေကြသည်။ ခင်ငြိမ်းဖြူမနေနိုင်တော့ပါ။"ဦးဦး ...ဦးဦးသားဖိုးချမ်းရောဟင် "
"ဟေ...သား..သားမရှိဘူးလား "
ခင်ငြိမ်းဖြူ၏ စကားကြောင့် ကိုထွန်းနိုင်ဦး အပါအဝင် အားလုံးပျာယာခတ်သွားကြသည်။
"သား...ဖိုးချမ်းရေ..ဖိုးချမ်း "
" အားလုံးလူစုခွဲရှာကြပါအုံး ... သူ့ကိုနောက်ဆုံး ဘယ်နေရာမှာ တွေ့လိုက်လဲသိလား သမီး ""ဟုတ်..ဟုတ်ကဲ့ ..ရောက်ရောက်ချင်းတုန်းက ... ဟောဟိုက စမ်းချောင်းနားမှာ ထိုင်နေတာတွေ့ပါတယ် ဦးဦး ... နောက်တော့ သမီးလဲကြီးကြီးကြင်ကို ဝိုင်းကူလုပ်နေရတော့ သတိမထားလိုက်မိဘူး "
YOU ARE READING
ရင်ဝှက်ရှိုက်သံ
Mystery / Thriller#ရင်ဝှက်ရှိုက်သံ (အခန်းဆက်ဝတ္ထု ) စ/ဆုံး Link စာရေးသူ = A Kyi Phyu ဇာတ်လမ်းအကျဉ်း သဇင်မြိုင်စံအိမ်ကြီးထဲမှ သူဌေးမရဲ့သေဆုံးမှုနဲ့ပျောက် ဆုံးနေသောသားငယ် သဇင်မြိုင်စံအိမ်ကြီးထဲမှ ခြောက်လှန့်မှုများ သဇင်မြိုင်စံအိမ်က...