#ရင်ဝှက်ရှိုက်သံ
( အခန်းဆက်ဝတ္ထု )
အပိုင်း (၆ )
**************************
ဖိုးချမ်းအခန်းတံခါးကိုဆွဲဖွင့်လိုက်ပြီး မှောင်မည်းနေသော စင်္ကြန်လမ်းတစ်လျှောက်ကို မျှော်ကြည့်လိုက်သည်။ခပ်လှမ်းလှမ်းရှိ အမှောင်ရိပ်ထဲတွင် ဖြူဖျော့ဖျော့သဏ္ဍာန်တစ်ခုကို လှမ်းမြင်လိုက်ရသောကြောင့် ဖိုးချမ်းစူးစိုက်၍ ကြည့်နေမိသည်။ထို့နောက် လက်ထဲမှ ဓါတ်မီးလေးကိုထွန်းလိုက်ပြီး စင်္ကြန်လမ်းအတိုင်း လျှောက်သွားလိုက်သည်။သို့သော်လည်းဖိုးချမ်း၏ ခြေလှမ်းများမှာ ဖြူဖျော့ဖျော့ အရိပ်သဏ္ဍာန်ရှိရာဘက်ဆီသို့မဟုတ်ဘဲ ဆန့်ကျင်ဘက် အရပ်ဆီသို့ဖြစ်လေသည်။~~~~~~~~~~~~~~~~~~~
"ဒေါက် ..ဒေါက် "ဖိုးချမ်းမှာလက်တစ်ဖက်မှဓါတ်မီးကိုကိုင်ထားရင်း တစ်ဖက်မှ အခန်းတံခါးကိုခေါက်လိုက်သည်။အခန်းထဲမှ တုံ့ပြန်သံမကြားရသောကြောင့် အခန်းတံခါးကို ဖိုးချမ်းထပ်ခေါက်လိုက်သည်။
"ဒေါက်..ဒေါက် ....ဒေါက် ''
"ကိုကို...ကိုကိုထပါအုံး ...တံခါးခေါက်သံကြားလိုက်သလိုပဲ... ထကြည့်ပါအုံး "
အေမီမျိုးမှာ အိပ်နေသော ခင်ပွန်းဖြစ်သူကိုလှုပ်နှိုးလိုက်ပြီး အထိတ်တလန့်နှင့်ပြောလိုက်သည်။ကိုထွန်းနိုင်ဦးမှာ အိပ်ချင်မူးတူးနှင့် နိုးလာခဲ့ပြီး ဇနီးဖြစ်သူကို မေးလိုက်သည်။
" မျိုး ဘာဖြစ်လို့လဲ ...ဘာဖြစ်တာလဲ "
"တံခါးခေါက်သံကြားလိုက်လို့ ကိုကို "
အေမီမျိုးက ပြောပြောဆိုဆိုနှင့်အခန်းတံခါးရှိရာဆီသို့ ထသွားလိုက်သည်။ကိုထွန်းနိုင်ဦးသည်လည်း အေမီမျိုး၏နောက်မှ ထက်ကြပ်မကွာလိုက်ခဲ့လေသည်။
အေမီမျိုးက အခန်းတံခါးနားသို့ ဦးစွာရောက်ရှိသွားပြီး တံခါးကိုဆွဲဖွင့်လိုက်လေသည်။"ဟင် .. ဖိုးချမ်း ...သားလေး ...သား ဘာဖြစ်လို့လဲဟင် "
အခန်းဝတွင် ရပ်နေသောဖိုးချမ်းကိုကြည့်ပြီး အေမီမျိုး အလန့်တကြားမေးလိုက်သည်။ကိုထွန်းနိုင်ဦးသည်လည်း သားဖြစ်သူကိုကြည့်ပြီး ထိတ်လန့်စွာမေးလိုက်သည်။
"သားဘာဖြစ်တာလဲ "
YOU ARE READING
ရင်ဝှက်ရှိုက်သံ
Mystery / Thriller#ရင်ဝှက်ရှိုက်သံ (အခန်းဆက်ဝတ္ထု ) စ/ဆုံး Link စာရေးသူ = A Kyi Phyu ဇာတ်လမ်းအကျဉ်း သဇင်မြိုင်စံအိမ်ကြီးထဲမှ သူဌေးမရဲ့သေဆုံးမှုနဲ့ပျောက် ဆုံးနေသောသားငယ် သဇင်မြိုင်စံအိမ်ကြီးထဲမှ ခြောက်လှန့်မှုများ သဇင်မြိုင်စံအိမ်က...