Ep_5 (zg)

596 3 0
                                    

"တော်စမ်း အပျက်ကောင်လို လုပ်ပြမနေနဲ့
ရွံစရာကောင်းအောင်"

"!ဗျာ ဦးဂုဏ် ခေတ်ကိုဘာနဲ့နှိုင်းလိုက်တယ်"

ကြားလိုက်ရသည့် စကားကြောင့်
ခေတ်သည် မွေ့ရာပေါ်ကနေ ကုန်းထကာ
ဦးဂုဏ်ရှေ့ မတ်မတ်ရပ်၍ ပြန်မေးလိုက်သည်။

"မင်းက အပျက်ကောင်လို
ငါ့ကို မြူဆွယ်နေတာလေ"

!ဖောင်း

ဂုဏ့် ပါးဆောင်ထပ်ပူထူသွားတာကြောင့်
ရိုက်ချက်ခံလိုက်ရမှန်း သိလိုက်သည်။
ဂုဏ့်ပါးကို ရိုက်ခံရဖို့မပြောနဲ့ ဒီအသက်
အရွယ်ထိ လက်နဲ့ပင်အရွယ်မခံဘူးတာကြောင့်
ဂုဏ့်ကို ရိုက်ရဲသည့်ကောင်ကို ဒေါသ
ထွက်မိသွားသည်။ကိုယ်ပါး ရိုက်ခံရလို
ပြန်ရိုက်ပြန်ရင် ထိုကောင်လေး
ထမင်းခုနှစ်ရက်လောက်မစားနိုင်ဖြစ်သွားမည်။
ထိုအခါကြ ဘွားရီနဲ့ရှင်းရမည့်ပြဿနာကို
တွေးမိပြီး ဂုဏ့်ဒေါသကို ထိန်းချုပ်ပေမဲ့
ဒေါသက ထွက်နေတုန်းဖြစ်သည်။

"!ခေတ်ရဲ့ကိုယ်ကျင့်တရား။ ခေတ်ရဲ့သိက္ခာကို
မစော်ကားနဲ့ ဦးဂုဏ်ရှိန်ဆက်တိုး"

ဦးဂုဏ် စော်ကားမှု့တွေကို သည်းခံနိုင်တဲ့
အတိုင်းအတာဂိတ်ဆုံးသွားပြီလို့
ခေတ် ထင်တယ်။ခေတ်ဆီကလိုအပ်နေမှု့ကို
တောင့်ခံနေသည့် ဦးဂုဏ်ကို မြူဆွယ်မိတာ
အပျက်ကောင်လို့ ပြောခံလိုက်ရသည်။

ခေတ်က မိကောင်းဖခင်သားသမီး
ခေတ်နဲ့ဦးဂုဏ်က တရားဝင်လက်ထပ်
ထားကြတာ။အတူနေခြင်းကိစ္စအတွက်
ခေတ်က ဦးဂုဏ်ကို မြူဆွယ်မြူဆွယ်
ဦးဂုဏ်က ခေတ်ကိုဘာလုပ်လုပ်
အပြစ်ပြောစရာမလိုဘူးလို့ ထင်မိသည်။
ခေတ်ကို အပျက်ကောင်လို့သုံးတဲ့အတွက်
စိတ်တိုပြီး ဦးဂုဏ် ပါးကို ရိုက်ချပစ်လိုက်ခြင်း
ဖြစ်သည်။

"မင်း ငါ့ပါးကို ရိုက်ရဲတယ်"

"ဦးဂုဏ် ခေတ်ကို အပျက်ကောင်လို့ပြောတာ
ခေတ်မကြိုက် ! အင့်"

ကောင်လေးကိုစကားဆုံးအောင်ပြောခွင့်မပေးတော့ဘဲ ကောင်လေးရဲ့လည်ပင်းကို
ဆုပ်ကိုင်ကာ မွေ့ရာပေါ်လှဲချလိုက်သည်။
ကိုယ့်ရဲ့လက်ကိုအားထည့်ပြီး ကောင်လေးလည်ပင်းကို ညှစ်ထားလိုက်သည်။

Love Hate Relationship (Completed)Where stories live. Discover now