"ကိုယ် ပြန်ပြီ ငယ့်အတွက်အသုံးလိုမဲ့
ပစ္စည်းတွေသိမ်းပြီးရင်လာပို့ပေးမယ်""ဟုတ် ဦးခွန်"
"ပန်းစည်းယူသွားဦး ငယ်"
ညီလေးသက်ထက်ခေတ်ကို ကျေးဇူးတင်သည့်အနေနဲ့ လမ်းမှာဝယ်ခဲ့သည့် ပန်းစည်းကို
မေ့ပြီးမယူဘဲ ကားပေါ်ကနေ ဆင်းမိသည်။
ဦးခွန်က ကားထဲကယူကာ သတိတရပေးမှ
ပန်းစည်းကို သတိရမိသည်။"ကျေးဇူး ဦးခွန် ။ငယ်နဲ့ဦးခွန်က
အမုန်းတရားကြောင့် လမ်းခွဲတာ
မဟုတ်ဘူးနော်။ငယ်က ငယ့်ဖေဖေ့ဆီ
နေကြည့်ချင်ရုံတင်""ဦးခွန်ဆီ ပြန်လာမှာမလို့ ခုလိုပြောတာလား
ငယ်သာ ပြန်လာမယ်ဆိုရင် မျှော်မိမှာ""မသိသေးဘူး ငယ့်ကိုယ်ငယ်
ဦးခွန်နဲ့ပတ်သက်လို့ ဘာဖြစ်ချင်မှန်း
မသိသေးဘူး""ဟုတ်ပါပြီ ကတုံးပေါက်စလေးရဲ့"
ငယ် ပြောမှ တည်တင်းနေသည့် ဦးခွန်ရဲ့
မျက်နှာကြော ပြေလျော့သွားသည်။
မပြန်ခင် ငယ့်ခေါင်းက ဆံပင်ပေါက်လေးတွေကို
တို့ထိကာ စသွားသေးသည်။"ဖေဖေ အိမ်ထဲဝင်ရအောင်"
"လာ သား"
သားဆီကိုသွားဖို့ သက်ပိုင်လိုက်ပို့ပေးတဲ့
အတွက် ဆေးရုံဆင်းလာချိန် ကိုအင်အား
လိုက်ပို့ခြင်းဖြစ်သည်။သားရဲ့လက်ကို
ကိုင်လျက် အိမ်ထဲဝင်ခဲ့လိုက်သည်။
ဘွားရီကိုကြိုပြီးဖုန်းဆက်ထားသည့်အတွက်
ကိုယ်တွေလာတာနဲ့ဘွားရီက ဝမ်းသာအားရ
ကြိုဆိုပေးသည်။"ဘွားရဲ့မြစ်လေး ဘွားကမျှော်နေတာ
အချောလေးကွယ်"ဖေဖေရဲ့အဘွားက နွေးထွေးစွာ
ငယ့်ကိုကြိုဆိုပေးသည်။စိတ်ချမ်းသာရတယ်
ဆိုတော့ ဖေဖေ့ဆီမှာ နေပျော်မယ်လို့
ထင်မိသည်။ဘွားဘွားက ဧည့်ခန်းကဆိုဖာခုံမှာ
ငယ့်ကိုထိုင်စေပြီး ငယ့်ရဲ့ရောဂါအပါအဝင်
ငယ်ငယ်တုန်းက အမှတ်တရများကို
မေးလာသည်။ဘွားဘွားမေးသမျှ ပြန်ဖြေပြီး
စကားလက်စုံကျမိသည်။"ဘွားရီ ခေတ်ရော"
"ရောက်ကတည်းက အခန်းထဲဝင်သွားတာပဲ"
YOU ARE READING
Love Hate Relationship (Completed)
Fantasiကြမ်းတမ်းတဲ့အရေးအသား ပါနိုင်သည့်အတွက် ကြိုက်မှဖတ်ပါ