Ep_8(uni)

2.5K 62 7
                                    

"ဟမ် ဦးကို လက်ထပ်မလား"

"ငယ် ဦးကို  ရင်မခုန်ဘူးပြောရင်
လက်ခံပေးမှာလား"

အရိပ်တကြည့်ကြည့် ပျိုးထောင်ခဲ့ရတဲ့
ပန်းလေးကို ခူးစွတ်ဖို့ ကြိုးစားမိတော့
ပန်းလေးက ငြင်းပယ်လာတယ်
ပင်ယံထပ်မှာပဲ နေပါရစေတဲ့။

"ငယ် ကိုယ်တို့ရဲ့အတိတ်ဘဝကို
သတိမရဘူးလား"

"ငယ့်ရဲ့အတိတ်မှာ ဦးခွန်က မေမေရဲ့ယောကျာ်း
ငယ့်ရဲ့ကျေးဇူးရှင် ငယ့်ရဲ့အုပ်ထိန်းသူ
ငယ်ကဘာကို သတိရ ရမှာလဲ"

"ငယ်က ပုံရိပ် ဝင်စားတဲ့လူ
ကိုယ့်ရဲ့ကောင်လေး"

"ငယ် မသိဘူး"

"ငယ့်မေမေသိတယ် ချစ်သူနှစ်ဦးကို သေကွဲ
ကွဲစေခဲ့လို့  ပုံရိပ်ဝင်စားတဲ့ ငယ့်ကို
ကိုယ်နဲ့သဘောတူပေးခဲ့တာ သဘောတူပေးခဲ့လို့
သူ မရှိတော့တဲ့နောက်ပိုင်းမှာ ငယ့်ကို
ကိုယ့်အနားမှာယုံကြည်စိတ်ချပြီးထားခဲ့တာ
ငယ်တွေးကြည့် သွေးမတော်သားမစပ်
ကိုယ်နဲ့ငယ့်ကို တစ်အိမ်ထဲမှာနေခိုင်းဖို့
ဘယ်အမေကစိတ်ချမှာလဲ စိတ်ချခဲ့လို့
ငယ့်ကို အဖိုးအဖွားတွေဆီ မပို့ခဲ့တာပေါ့"

ဦးခွန်ပြောတာ လက်ခံလို့ရပေမဲ့
ကိုယ်က သူ့ချစ်သူပြန်ဝင်စားတဲ့သူမှ
မဟုတ်တာဘဲ။
ဦးခွန်ကို မှတ်မိဖို့မပြောနဲ့ ဦးခွန် ကိုယ့်ကို
အုပ်မိုးပြီး စကားပြောလာတာကိုက
ကိုယ့်အတွက်စိတ်ရှုပ်စရာဖြစ်လို့နေသည်။
ဦးခွန်ကို လက်နဲ့တွန်းဖယ်ပြီးနေရာမှ
ထရပ်လိုက်သည်။

"ငယ်က ဦးခွန်ချစ်သူဝင်စားတဲ့သူ မဟုတ်ဘူး
အနေအထိုင်ဆင်ခြင်ပေးပါ ဦးခွန်ဖြစ်ချင်တာ
ရှေ့ဆက်လာမယ်ဆို ငယ် အိမ်ကနေ
ထွက်သွားမှာ။
ငယ့်ရဲ့ကျေးဇူးရှင် အုပ်ထိန်းသူအဖြစ်
ရိုသေလေးစား ကြောက်ခဲ့မိတာတွေ
အလကားဖြစ်ကုန်မယ် "

ဖွင့်ပြောလိုက်ရင် လက်သင့်ခံမယ် ထင်ခဲ့မိပေမဲ့
ယတိပြတ် ပြတ်သားနေသူလေးကို
ဘာမှပြန်မပြောနိုင်ပေ။ငယ့်ကို လက်ထပ်ခွင့်ရဖို့
ကြိုးစားရင် အချိန်တွေအများကြီးရနိုင်ပေမဲ့
လက်ထပ်နိုင်ဖို့ အတင်းစီစဥ်လိုက်ရင်
ကိုယ့်အနားကထွက်သွားရင်ရောဆိုသည့်
အတွေးက ခွန်အားအတွက် အင်အား
မဲ့နေမိသည်။

Love Hate Relationship (Completed)Where stories live. Discover now