Ep_37(zg)

229 0 0
                                    

ဖျောက်.....ဖျောက်.....!ဝေါ....!ဂျိန်း.... !ဂျလိမ်း

*!ငါ့ နတ်သမီးလေးကို လိုအပ်တယ်
ပေး မပေးရင် မင်းကို သတ်မယ်*

*ဟင့်အင်း မလာနဲ့ !သွား*

ပတ်ဝန်းကျင်တစ်ခုလုံး မဲမှောင်လျက်
လျပ်စီကြောင်းတလတ်လတ်နှင့်အတူ
မိုးချိန်းသံ တဂျိမ်းဂျိမ်းမြည်ဟီးလို့နေသည်။
သည်းကြီးမဲကြီးမိုးရွာသွန်းမှု့နှင့်အတူ
ခေတ်သည် အိမ်မက်ဆိုးမှ နိုးထလာခဲ့ရသည်။

*!ဟူး အိမ်မလို့တော်ပါသေးတယ်
နောက်တစ်ခါသေပြီမှတ်တာ*

ကြုံခဲ့ရတဲ့အဖြစ်ပျက်ဆိုးက အိမ်မက်ထဲ
အသစ်တဖန်လို ခြောက်လှန့်ရာ အိမ်မက်က
အိမ်မက်ပါပဲတွေးပြီး အိပ်ရာပေါ်
ခြေဆင်းကာထိုင်နေမိသည်။ခုချိန်မှာ
ဦးဂုဏ်ကို အရမ်းသတိရတာပဲ။
အနားမှာသာရှိပေးရင် ခေတ်ကိုထွေးပွေ့ထားမှာအမှန်ပင်။ခုချိန်လောက်ဆိုနေ့လည်ကတည်းက
ခရီးသွားသည့် ဦးဂုဏ်လည်း ရန်ကုန်ကို
ရောက်နေလောက်ပြီ။

တစ်ယောက်တည်းဆို ထိတ်လန့်နေမှာဆိုးလို့
ထင်ကရကို ခေါ်မိတာ။သူက သူ့အမျိုးသားနဲ့
အိပ်မောကျနေလောက်ပြီ။ခေတ်တစ်ယောက်တည်းသာ ညသန်းခေါင်ချိန်
အိပ်ရာပေါ်မှာငုတ်တုတ် ပြန်လည်းအိပ်မရ
ဖြစ်နေမိသည်။

ring~~~~ring

ခေတ်ရဲ့ဖုန်းလေး အသံမြည်လာတာကြောင့်
ယူကြည့်မိရာ ဦးဂုဏ်ဖုန်းဆက်တာဖြစ်နေသည်။

"ဦးဂုဏ် မအိပ်သေးဘူးလား"

*ခုပဲ တည်းရမဲ့နေရာရောက်တယ် ခေတ်၊
အသံလေးကြားချင်လို့ ဖုန်းဆက်မိတာ
အိပ်ပျော်နေလောက်ပြီထင်လို့ ဖုန်းမကိုင်ရင်
မခေါ်တော့ဘူးလုပ်နေတာ*

"တရေးနိုးတာ ဦးဂုဏ်"

*messengerကနေ vedio call
ပြောရအောင်*

ဦးဂုဏ်ဖွင့်ပေးထားတဲ့facebook account
ကနေ vedio callခေါ်လာတာကြောင့်
အခန်းမီးအမြန်ဖွင့်လိုက်ရသည်။

*တစ်ယောက်တည်းအိပ်နေတာလား
ထင်ကရ လာမအိပ်ဘူးလား*

"သူလက်ထပ်ရမဲ့ကောင်လေးရော
လိုက်လာတာ ဦးဂုဏ်"

Love Hate Relationship (Completed)Where stories live. Discover now