Ep_15(uni)

2.3K 88 13
                                    

"!ဗျာ"

အဖြစ်အမှန်ကို ကြားလိုက်ရသည့်အတွက်
ပွေ့ထားမိတဲ့ကောင်လေးကို ငုံ့ကြည့်မိသည်။
ဆေးရုံကိုမသွားချင်ရတဲ့အကြောင်းအရင်းမှာ
ခြင်ဆီမလှုချင်လို့မသွားချင်တာမျိုးမဟုတ်ဘဲ
တခြားအရာကြောင့်ဆိုတာ ခုမှသိရသည်။

*ဦးဂုဏ်ရဲ့အတ္တက ခေတ်ကိုထိခိုက်ရမှာ
မသိဘူးလား*

ထိုစကားကို ကောင်လေးကိုယ်တိုင်ပြောခဲ့တာ။
သားအတွက် ဖခင်တစ်ယောက်ရဲ့အတ္တကြောင့်
ကောင်လေးအပေါ် ရက်စက်မိခဲ့သည်။

"ကျွန်တော် သက်ထက်ခေတ်အပေါ်
မလုပ်သင့်တာတွေ လုပ်ခဲ့မိတယ်"

*!အား...ဟင်း*

ကောင်လေးဆီက ညည်းသံသဲ့သဲ့လေးကြားလိုက်ရသည့်အတွက် ကြမ်းပြင်မှာ
ဒူးထောက်ထိုင်ကာ ကောင်လေးရဲ့ပါးကိုပုတ်၍
လှုပ်နှိုးလိုက်သည်။

ခေတ်သည် ပတ်ဝန်းကျင်နဲ့
ခေတ္တခဏအဆက်အသွယ်ပျက်သွားခဲ့သည်။
အသိစိတ်ဝင်လာတော့ ကျောရိုးနာကျင်မှု့က
ပိုးဆိုးနေလျက်ရှိသည်။ကျိုးကုန်ပြီလား
ခန္ဓာကိုယ်ကိုလှုပ်ကြည့်ရာ လှုပ်လို့တော့
ရသေးသည်။

ဂုဏ်သည် ကောင်လေးရဲ့ပါးပြင်ကို
တို့ထိဖို့ လက်ရွယ်စဥ် ကောင်လေးက
ဂုဏ်ရဲ့လက်ကိုပုတ်ထုတ်ပစ်သည်။
ကောင်လေးရဲ့မျက်ဝန်းကို စိုက်ကြည့်မိရာ
ဂုဏ့်ကိုကြည့်တဲ့အကြည့်တွေက
အရင်လို ချစ်ရည်ရွှန်းလဲ့မနေတော့ပေ။
သေချာတာက စိမ်းကားတဲ့မျက်ဝန်းတစ်စုံ
ဖြစ်လို့နေ၏။

"နာတယ်"

"ကိုယ်တို့ ဆေးရုံကိုသွားရအောင်"

"မသွားဘူး သွားစရာမလိုဘူး"

ရက်စက်တဲ့လူကြီးက ခေတ်ကို ဆေးရုံသွားဖို့ပဲ
ထပ်ပြီးပြောလာပြန်သည်။သွားစရာမလိုတာ
ထိုလူကြီး မသိသေးဘူးထင်သည်။

"အားတော့နာတယ် ငယ့်ကိုတစ်ယောက်တည်း
နေခိုင်းထားရတာစိတ်မချဘူး။ခင်ဗျားတို့
ဆေးရုံလိုက်ခဲ့မှာဆိုရင် ကျွန်တော်နဲ့
လိုက်ခဲ့ပါလား"

ဦးအင်အားရဲ့အသံကိုကြားမှ မော့ကြည့်မိသည်။
ပတ်ဝန်းကျင်ကိုစူးစမ်းကြည့်မှ အခန်းထဲမှာမဟုတ်တော့ဘဲ အခန်းအပြင်မှာ။
နောက်ထပ် ဘွားဘွားရီကိုပါ တွေ့လိုက်ရသည်။

Love Hate Relationship (Completed)Where stories live. Discover now