Ep_42(uni) end up

1.7K 52 10
                                    

"စာရင်းကအဆင်ပြေသွားပြီ ညီလေးခေတ်
စိတ်မညစ်နဲ့တော့နော်"

"ဟုတ် အစ်ကို"

"နေ့လည်စာ စားချိန်ရောက်နေပြီ
ကိုယ်တို့ နေ့လည်စာစားဖို့ အိမ်ပြန်ကြမလား
သားရော လိုက်ခဲ့"

"ဟုတ် ဖေဖေ"

"ကဲ အငိုမင်းသားလေး ကြွပါဗျ"

ဦးဂုဏ်အပြောကြောင့် ပါးပြင်ထပ်က
မျက်ရည်စီးကြောင်းကို လက်နဲ့ပွတ်ရင်း
ရယ်ပြမိသသည်။

"ကိုယ့်အမျိုးသားလေးက အငိုသန်လေး"

"အလုပ်မထွက်တော့ဘူး ဦးဂုဏ်"

"ပထမ စကားပဲအတည်ယူမယ်
မင်းကို အိမ်မှာပဲ အေးဆေးနေစေချင်တာ
တစ်နေကုန်ပင်ပန်းနေမှာရယ်၊ ညတိုင်း
ကိုယ့်ကြောင့်ပင်ပန်းနေမှာရယ်က
မင်းရဲ့ကျန်းမာရေးကိုထိမှာဆိုးတယ်"

"ဦးဂုဏ်ကလည်း ခေတ်တို့နောက်မှာ
!အစ်ကို"

ရုံခန်းထဲကထွက်၍စကားပြောရင်း
လမ်းလျှောက်ကြရာ ဦးဂုဏ်စကားကြောင့်
အစ်ကို့ကိုအားနာမိလို့ လှည့်အကြည့်။
မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်
ထိတ်လန့်သွားရသည်။အစ်ကိုလေ
ကြမ်းပြင်ထပ်မှာ ခွေခွေလေး လဲနေတာ။
ဦးဂုဏ်က အစ်ကို့ကို ပြေး၍ပွေ့ယူလိုက်သည်။

"!သား !ဟေး"

"!အစ်ကို နေမကောင်းဘူးထင်တယ်
လုပ်ပါဦး"

ကုပ္မဏီကဝန်ထမ်းတချို့လည်း ပြေးလာကြပြီး
အစ်ကို့ကိုစိတ်ပူစွာ ဘေးမှာဝိုင်းအုံနေကြသည်။

"ဆေးရုံပို့မှဖြစ်မယ် ခေတ်
သားကို ကိုယ်ပွေ့ခဲ့မယ်။မင်းက ကိုအင်အားဆီ
ဖုန်းဆက်ပေး"

"ဟုတ် ဦးဂုဏ်"

အစ်ကို့ကိုပွေ့လျက် ရှေ့ကနေသွားနေသည့်
ဦးဂုဏ်နောက်လိုက်ရင်း ဦးအင်အားဆီ
ဖုန်းခေါ်လိုက်သည်။တတ်မည့်ဆေးရုံရောက်ရင်
သူ့ဆီဖုန်းဆက်ပေးဖို့ပြောကာ သူရော
ထွက်လာမည်ဟု ပြောလာသည်။
အစ်ကို့ကို သနားမိတယ် အစ်ကို့ရောဂါ
ပြန်ဖြစ်နေတာလားမသိဘူး။
ခေတ်က အစ်ကို့ကို ပင်ပန်းအောင်လုပ်မိလို့
သတိလစ်သွားတာလားတွေးမိပြီး
စိတ်မကောင်းဖြစ်မိရသည်။

Love Hate Relationship (Completed)Where stories live. Discover now