Ep_1 (zg)

1.7K 7 2
                                    

!ဖြောက်.....!ဖြောက်

ဘဲဥအနှစ်အရောက်ပေါက်နေလျက်ရှိသည့်
နေလုံးကြီးသည် တောင်စွယ်ကွယ်၍ ပတ်ဝန်းကျင်ကနေ ကွယ်ပျောက်တော့မည်။
အစာရှာလို့ဝသည့်
အိပ်တန်းတန်ဌက်ကလေးများ၏ အိမ်ပြန်ခရီးနှင်နေမှု့သည် ညနေအလင်းရောင်အားကိုး၍
ပျံသန်းနေကြရာ ညနေဆည်းဆာရဲ့အလှကို
အားဖြည့်နေလျက်ရှိသည်။

လေညှင်းသွဲ့သွဲ့တိုက်ခတ်နေရာမှ
ခပ်ကြမ်းကြမ်းတိုက်ခတ်လာသည့် လေနှင့်အတူ
ကောင်းကင်တစ်ခုလုံးတိမ်ဆိုင်မဲတို့ ရုတ်ချည်း
အုပ်ဆိုင်းလာလျက်ရှိသည်။
ပြိုတော့မည့် မိုးရိပ်တို့ကြောင့် လှပသည့်ညနေဆည်းဆာကနေ ပတ်ကျင်တစ်ခုလုံး
မှောင်ရိပ်သန်းကာ လျပ်စီးကြောင်းများထင်ဟပ်၍ မိုးခြိမ်းသံများဆူညံကုန်သည်။

ဝုန်း....ဒရုန်း....ဂျိမ်း

လျပ်စီးလက်၍မိုးခြိမ်းသံများဆူညံကာ
တဝုန်းဝုန်း ရွာချသည့်မိုးကြောင့်
ပြာပန်းခတ်လှုပ်ရှားနေကြသည့် လူတို့သည်
မိုးခိုကြသူ ရှိသလို ကိုယ့်အိမ် ကိုယ့်ရာဆီသို့
အသော့နှင်၍ပြေးကြသူတွေလည်း ရှိကြသည်။

ကောင်လေးတစ်ယောက်ကတော့
ပြာပန်းခတ်ပြေးလွှားသူတွေနဲ့မဆိုင်သည့်အလား မိုးခြိမ်းသံကြားထဲ မိုးရေတွေထဲ
တစ်လမ်းခြင်းလျှောက်နေလျက်ရှိသည်။

ထိုကောင်လေးကို စောင့်ကြည့်နေသည့်
ကားတစ်စီးက တစ်လှိမ့်ခြင်းလှိမ့်၍
ထိုကောင်လေး နောက်ကနေလိုက်လျက်ရှိသည်။

"ဦးဂုဏ် စုံစမ်းခိုင်းထားတဲ့
ကောင်လေးက သူပါ"

"ဘွားဘွားရဲ့ကမ်းလှမ်းချက်ကို မငြင်းဘူး
ဆိုတော့ ကောင်လေးက ငါ့ရဲ့ပိုင်ဆိုင်မှု့တွေကို
တပ်မက်နေလို့ပေါ့ စိတ်ပျက်စရာ"

ဂုဏ်ရှိန်ဆက်တိုးဆိုတာ Ven groupရဲ့
အမွေဆက်ခံသူ။ပျိုတိုင်းကြိုက်နှင်းဆီခိုင်
သားမက်တော်ချင်သူတွေဝိုင်းဝိုင်လည်နေတဲ့ကြားက ဂုဏ်ရဲ့ အဘွားဖြစ်သူက
ကောင်လေးတစ်ယောက် ပုံတစ်ပုံကိုပြပြီး
ဂုဏ်နဲ့လက်ထပ်ရမဲ့ ကောင်လေးလို့
အသိပေးလာသည်။

ယောကျာ်းခြင်းစိတ်မဝင်းစားတဲ့
ဂုဏ်အတွက် မဖြစ်နိုင်ဘူးဆိုတော့
ဘွားဘွား စကားကို ငြင်းဆန်ခဲ့သည်။
ဂုဏ်ဘဝမှာ ဘွားဘွား တစ်ယောက်တည်း
ကျန်သည့်အတွက် ငြင်းဆန်မှု့ကအရာမတွင်ပေ။
သဘောတူထားသည့်ကောင်လေးကို
လက်မထပ်ရင် ဘွားဘွားနဲ့သေခန်းပြတ်လို့
တစ်ချက်လွှတ်အမိန့်ကြောင့် လက်ခံခဲ့ရသည်။

Love Hate Relationship (Completed)Where stories live. Discover now