"!ဟေ့ ရပ်လိုက်"
သားရဲ့ကားရပ်ထားတာတွေ့လိုက်သည်နှင့်
ကိုအင်အားနဲ့ကိုယ်က တုန့်ဆိုင်းမနေဘဲ
ကားပေါ်ကနေဆင်းကာ ခေတ်နဲ့သားဆီ
အပြေးသွားမိသည်။
မိုးခြိမ်းသံနှင့်အတူ လျပ်စီးအလင်းရောင်ကြောင့်
မြင်လိုက်ရသည့်မြင်ကွင်းကထိတ်လန့်စရာ
ဖြစ်လို့နေသည်။သားက ခေတ်ကိုဖက်ထားပြီး လူတစ်ယောက်က
သူ့လက်ထဲကဓားနဲ့သားကို ထိုးစိုက်ဖို့ဟန်ပြင်
နေတာတွေ့လိုက်ရသည်။
ထိုလူကို အော်ဟစ်တားမြစ်ရင်း
ခေတ်နဲ့သားရဲ့အခြေနေကိုမကြည့်အားသေးဘဲ
ပြေးဆွဲရသည်။"!လွှတ်စမ်း"
"!နံပါတ်ဖိုးပေး ငါ့ရဲ့နတ်သမီးလေးကို
လိုအပ်တယ်"ငယ်သည် ညီလေးခေတ်ကိုဖက်ထားရင်း
ကိုယ့်ကိုယ်ကို သွားပြီဟု ထင်မှတ်မိစဥ်
ဖေဖေနဲ့ဦးခွန်ရဲ့အော်သံကို ကြားလိုက်ရသည်။
ကိုယ့်အတွက် ဘေးကင်းပေမဲ့ ငယ်ဖက်ထားမိတဲ့ညီလေးခေတ်ကို ယူကျုံးမရဖြစ်ကာ
ငုံ့ကြည့်မိသည်။"ညီလေးခေတ် အားတင်းထားနော်
ဖေဖေနဲ့ဦးခွန်လိုက်လာပြီ""!အစ်ကို"
ညီလေးခေတ် ပါးစပ်ဟတိုင်း သွေးတွေက
ပွက်ကနဲ ။ငယ့်မှာဆောက်တည်ရာမရဖြစ်ကာ
သွေးထွက်နေသည့်ဒဏ်ရာတွေပေါ်လက်နဲ့
လိုက်တို့ကာ ဖိထားမိသည်။"စကားမပြောနဲ့နော် ညီလေးခေတ်"
"သား ခေတ်ကို ထိသွားတာလား"
"ဟင့် ညီလေးခေတ်ကို ဟိုလူ
အီး...ဟီး ဘယ်နှစ်ချက်မှန်းမသိဘူး
ဓားနဲ့ထိုးတာ""!ဟာကွာ !တောက်စ်"
ဂုဏ်နဲ့ကိုအင်အား တားထားတဲ့လူကို
လက်ထဲကဓားပြန်ပါရေးပဲ အာရုံစိုက်
လုယူနေတာ သားဆီကစကားကြားမှ
ထိုလူကိုခွကာ အပေါ်စီးကနေ တစ်ချက်ခြင်း
ထိုးချမိသည်။"!ဖေဖေ မလုပ်ပါနဲ့ အဲလူသေသွားရင်
ဖေဖေ့ကို အမှု့ပတ်နေမယ်""!ကိုဂုဏ်ရှိန်ဆက်တိုး တော်တော့"
"!လူရမ်းကာကောင်က သေသင့်တာ
သူ့ကို သတ်မယ်""!မလုပ်နဲ့ ကိုဂုဏ်ရှိန်ဆက်တိုး
သက်ထက်ခေတ်က ခင်ဗျားကိုလိုအပ်တယ်
သူ့ကိုသတ်လိုက်ရင် ခင်ဗျားထောင်ကျမှာ
ခင်ဗျားရဲ့ကလေးရဲ့အနားမှာ
ခင်ဗျားရှိနေမှဖြစ်မှာ ရပ်လိုက်ပါဗျာ"

YOU ARE READING
Love Hate Relationship (Completed)
Fantasyကြမ်းတမ်းတဲ့အရေးအသား ပါနိုင်သည့်အတွက် ကြိုက်မှဖတ်ပါ