"!ဦးဂုဏ် ခေတ်ကို မုန်းသွားမှာ
ကြောက်တယ် ဘွားဘွားရီ"မျက်နှာလေးညှိုးလျက် မြေးဂုဏ်မုန်းသွားမှာကြောက်နေသည့် ခေတ်လေးကို
အကြင်နာပိုနေမိသည်။
အိမ်ပြန်နောက်ကျရခြင်း၏အကြောင်းရင်းကိုပြောပြလာတာနားထောင်ပြီး ခေတ်လေး
လိမ်ညာခြင်းမရှိတာကို အကဲခတ်မိသည်။"မြေးဂုဏ်သာ ခေတ်လေးကိုဆူခဲ့ရင်
ဘွားရီဆီ ပြေးလာခဲ့""လာခွင့်မပေးရင်ရော ဘွားဘွားရီ
ဦးဂုဏ်ကလေ ဘွားဘွားရီမသိလို့""သိတာပေါ့ကွယ် ဘွားရီထိန်းလာရတဲ့
ဂုဏ်ရှိန်ဆက်တိုးအကြောင်း မသိဘဲနေမလား
သူ့စိတ်ကဘာလဲသိတာပေါ့"သိလျက်နဲ့ဘာလို့လက်ထပ်စေခဲ့တာလဲလို့
ဘွားဘွားရီကိုမေးချင်ပေမဲ့ မမေးဘဲ
နေလိုက်သည်။ဘွားဘွားရီ လက်ထပ်
ခိုင်းခဲ့လို့သာ ခေတ်ချစ်ရတဲ့ ဦးဂုဏ်နဲ့
လက်ထပ်ခွင့်ရခဲ့တဲ့ကျေးဇူးကို
မေ့လို့မဖြစ်ဘူး။"မြေးဂုဏ်က ယောကျာ်းတစ်ယောက်ကို
လက်မထပ်ချင်ဘဲ ခေတ်နဲ့လက်ထပ်စေခဲ့တာလဲ
ခေတ်လေးစိတ်ထဲ တွေးနေမှာပေါ့"အကဲခတ်မြန်လွန်းသည့် ဘွားဘွားရီကို
ထိတ်လန့်ကာမော့ကြည့်မိတော့
ဘွားဘွားရီက ခေတ်ရဲ့လက်ကိုဆုပ်ကိုင်လာသည်။"သူ့ဘဝကို အချစ်မပါဘဲ
ပွေရှုပ်နေခဲ့တဲ့မြေးဂုဏ်ကို ခေတ်လေးကသာအကောင်းဆုံးပြုပြင်ပေးနိုင်မယ်လို့
ဘွားရီ ယုံကြည်မိခဲ့လို့ပေါ့ကွယ်""ဦးဂုဏ်က ဘာလို့ပွေတာလဲဟင်"
"သူ့ကို အချစ်စစ်နဲ့မချစ်ဘဲ ပိုင်ဆိုင်
မှု့တွေကြောင့် ချဥ်းကပ်တယ်ထင်နေလို့ပေါ့""ဦးဂုဏ်ထားခဲ့တဲ့ ရည်းစားတွေက
မချမ်းသာလို့လား ဘွားဘွားရီ""အလွှာအသီးသီးက မိန်းကလေးတွေနဲ့
ရည်းစားဖြစ်ခဲ့ပေမဲ့ ဂုဏ် လူငယ်ဘဝတုန်းက
ချစ်ရတဲ့ကောင်မလေးရှိခဲ့တယ် အချစ်ဦးကို
မေ့မရလို့သာ သူ့ရည်းစားတွေကို
အကြောင်းရှာတာထင်ပါရဲ့ ပိုင်ဆိုင်
မှု့တွေကြောင့် ချဥ်းကပ်တာဟုတ်ချင်မှဟုတ်မှာ
မြေးဂုဏ်ကိုက သံသယတွေများနေတာ"

YOU ARE READING
Love Hate Relationship (Completed)
Fantasyကြမ်းတမ်းတဲ့အရေးအသား ပါနိုင်သည့်အတွက် ကြိုက်မှဖတ်ပါ