Ep_18(uni)

1.5K 73 8
                                    

ကောင်လေးရဲ့အလုပ်လုပ်ချိန်ကို မကြိုက်၍
ယတိပျက်ရာဇသံအမိန့်ပေးခဲ့ရသည်။
နေ့ခင်းအချိန်မှာ အလုပ်မလုပ်ရဘူးဆိုရင်
တစ်ခါတည်းထွက်ဟု ပြောလိုက်ရာ
အလုပ်မလုပ်ရမှာကြောက်သည့်ကောင်လေးက
ဘယ်လိုကြိုးစားတယ်မသိ နေ့ခင်းဘက်
ပြောင်းသွားသည်။

သားနဲ့စကားပြောနေတုန်း အိမ်ထဲဝင်လာသည့်
အရိပ်ကလေးကြောင့် နှုတ်ဆက်လိုက်သည်။

"ခေတ် ပြန်လာပြီလား"

ဂုဏ်ရဲ့အမေးကို ခေါင်းသာညိမ့်ပြပြီး
စိတ်ဓာတ်ကျနေသူလို ဆက်သွားနေတာကြောင့်
မျက်မှောင်ကုတ်မိသည်။
ကောင်လေးရဲ့မျက်နှာ မကောင်းဘူး။

"ဖေဖေ ညီလေးခေတ် တစ်ခုခု
ဖြစ်လာတာထင်တယ်"

"သား ထိုင်နေခဲ့ဦး"

"ဟုတ် ဖေဖေ"

ကောင်လေးရဲ့နောက်ကအမြန်လိုက်ခဲ့ပေမဲ့
မမှီပေ။အခန်းရှေ့အရောက်မှာ
ငိုသံခပ်စူးစူး အသံထွက်လာကြားလိုက်ရတာကြောင့် အခန်းထဲဝင်ခဲ့လိုက်သည်။
ကုတင်ပေါ်မှာ စောင်ကိုခေါင်းထိခြုံပြီး
အော်ငိုနေတဲ့ကောင်လေးဆီ အမြန်သွားရသည်။

"ခေတ် ဘာဖြစ်လာတာလဲ"

"!အီး...ဟီး...ဟီး"

"ခေတ် သက်ထက်ခေတ်"

စောင်ခြုံပြီးအော်ငိုနေတဲ့ကောင်လေးကို
ပွေ့ယူ၍ စောင်ကိုဖယ်ပေမဲ့ လက်နဲ့ပြန်ကာ
ဆွဲထားတာကြောင့် သက်ပြင်းမောကိုသာ
ချမိသည်။

"ကိုယ် မေးတာ​ဖြေဦး"

"!ဟင့်....အင့် တစ်ယောက်တည်းနေချင်တယ်"

"ကိုယ့်ကို ကြည့်ပြီးမှပြော"

ကောင်လေးရဲ့မျက်နှာကိုမြင်ရဖို့ အချိန်ပေးကာ
စောင့်နေရသည်။ဂုဏ် ပွေ့ထားတဲ့အတိုင်း
ငြိမ်နေသည့် ကောင်လေးက စောင်ကိုလက်နဲ့
ကိုင်ကာ မျက်နှာပေါ်ရုံသာဖော်ပြီး ကိုယ့်ကို
ကြည့်လာသည်။
မျက်လုံးကိုပွတ်ထားတာများ ရဲတောက်
နေသည်ကို တွေ့ရတဲ့အခိုက်တန့်
ဘယ်လိုအရာကများ ကောင်လေးကို
ငိုစေရတာလဲ သိချင်မိသည်။

"ဘာဖြစ်လာတာလဲ"

"အလုပ်မှာ ဆူခံရလို့"

"ဘယ်သူကဆူတာလဲ"

Love Hate Relationship (Completed)Where stories live. Discover now