"ညီလေးခေတ် ဖေဖေပြန်ရောက်နေပြီပြောတယ်
ကိုသက်ပိုင် ဖုန်းဆက်လာတာ"ဦးဂုဏ် ခရီးကပြန်ရောက်လာတာ
ခေတ် မသိရပေ။ဖုန်းဆက်မလာသလို
ဖုန်းဆက်တော့လည်း မကိုင်ဘူး။
အစ်ကိုနဲ့ဦးအင်အား အိမ်ကိုလာလည်မှသာ
သိရသည်။အစ်ကို့ကို စကားပြန်မပြောနိုင်ဘဲ
ငြိမ်ငြိမ်လေးသာထိုင်နေမိသည်။"ညီခေတ် ငြိမ်လှချည်လား"
ထင်ကရပါရောက်လာပြီး ခေတ်ရဲ့ဘေးမှာ
ဝင်ထိုင်လာပေမဲ့ ခေတ်သည် ငြိမ်မြဲငြိမ်လျက်
လုံးဝမလှုပ်ဘဲနေမိသည်။"ညီခေတ် မင်း ဘာဖြစ်နေတာလဲ"
"ထင်ကရ"
"အေး ပြော"
"daddyဆီပြန်ရအောင်"
"!ပြန်ရအောင် အိမ်မှာနေမလို့လား"
"......"
ထင်ကရကိုဘာမှပြန်မပြောဘဲ ရှေ့ကနေ
ဦးဆောင်၍ ထွက်ခဲ့လိုက်သည်။ခေတ် ပိုင်ဆိုင်တာဆိုလို့ ပြန်တွေးကြည့်ရင် ဘာမှမရှိပေ။
ဦးဂုဏ်နဲ့လက်ထပ်ကာစ ပါလာသည့်
သေတ္တာကလည်း ဦးဂုဏ်ကောင်းမှု့ကြောင့်
ပစ္စည်းသိမ်းသည့်စတိုခန်းထဲရောက်သွားပြီ။
သူဌေးရဲ့အမျိုးသားက အခန်းနှင့်မလိုက်
ဖက်သည့် သေတ္တာအဟောင်းကို တွယ်တာ
နေစရာမလိုဘူးပြောကာ အခန်းထဲကနေထုတ်ပစ်သည်။daddyဆီပြန်နေဖို့ ယူစရာဘာမှမရှိသည့်အတွက် ထင်ကရနှင့်ဇေရတု ပစ္စည်းတွေ
ယူပြီးထွက်အလာကို ထင်ကရရဲ့ကားပေါ်မှာ
ထိုင်ကာစောင့်နေလိုက်သည်။အတော်လေးကြာမှ
အစ်ကိုက ကားတံခါးကိုပုတ်ကာ ခေတ်ကို
စကားပြောဖို့ ကားမှန်ချခိုင်းသည်။"ညီလေးခေတ် ဖေဖေ့ကို စိတ်ဆိုးလို့
ထင်ကရနဲ့လိုက်သွားတာလားဟင်""အစ်ကို့ ဖေဖေကလေ ဖုန်းဆက်တော့လည်း
မကိုင်ဘူး။ခေတ်ကို ဖုန်းလည်းဆက်မလာဘူး
ခရီးသွားနေတဲ့ ငါးရက် တစ်ရက်က
အဆက်သွယ်လုံးဝမလုပ်ဘူး။
ဦးဂုဏ် ခေတ်ကို အဆက်သွယ်ဖြတ်ထားတာ
တစ်ရက်ကြာနေပြီ""မအားလို့နေမှာပါ"
ညီလေးခေတ်ကြောင့် ငယ်သည်
ပြုံးမိသွားရသည်။ဖေဖေ့ဆီက တစ်ရက်လေး
အဆက်သွယ်မရတာ တစ်နှစ်လောက်များ
အဆက်သွယ်မရရင် ရူးများသွားမလားပင်။
YOU ARE READING
Love Hate Relationship (Completed)
Fantasíaကြမ်းတမ်းတဲ့အရေးအသား ပါနိုင်သည့်အတွက် ကြိုက်မှဖတ်ပါ