Ep_40(zg)

308 2 0
                                    

"ဦးဂုဏ် အစ်ကိုကလေ ဦးအင်အားနဲ့
အဆင်ပြေသွားပြီသိလား။ဦးအင်အားက
စိတ်ရောဂါဖြစ်​နေတာတဲ့။အစ်ကိုနဲ့ဝေးတဲ့
ရက်တွေမှာ ဆေးကုနေရတာလို့ပြောတယ်"

"......."

"အစ်ကိုသနားပါတယ် ဦးအင်အားက
အထင်လွဲပြီး ထိုးချတာ အစ်ကိုမှာ
ကြမ်းပြင်ပေါ်ပုံကျသွားတာ"

"!ဘာ သားကို ထိုးတာလား"

"စိတ်လျှော့နော် စိတ်လျှော့
အစ်ကိုကနားလည်အောင်ပြောပြပါတယ်
ခုတော့အဆင်ပြေသွားပြီလေ"

"အင်း"

"အစ်ကိုကလေ ကလေးလေးရတော့မှာလား
မသိဘူး။ကလေးလေးသာရရင်
ဦးဂုဏ် ဖိုးဖိုးကြီးဖြစ်ပြီ !ဟီ ဟီ"

အိမ်ပြန်ရောက်လို့ အခန်းထဲဝင်တာနဲ့
တပြိုင်နက် ကိုယ် မသိရသေးသည့်
ကိစ္စမှန်သမျှ ဖောက်သည်ချနေခြင်းဖြစ်သည်။
ခေတ် ပြောပြလာသမျှအတိုင်း မျက်နှာတည်သွားရ၊ စိတ်ထဲကျေနပ်သွားရ
ဖအေပီပီမျက်နှာပူရ ဖြစ်နေရသည်။

"!ဟီ ဟီက ဘာလဲ မင်း ကိုယ့်ကို
လှောင်နေသလိုပဲ"

"အစကတည်းက အဖိုးကြီးမှန်းသိပါတယ်
အစ်ကို့ကြောင့် ဦးဂုဏ် ရာထူးတတ်ပြီ"

ရာထူးတတ်တာနောက် လောလောဆယ်
သားကြောင့် မချိတင်ကဲဖြစ်နေတာ
ကောင်လေးက ရိပ်မိပုံမရပေ။
သားကိုအရွယ်ရောက်မှသိခဲ့ရပေမဲ့
ဖအေပီပီ နှမြောမိတယ်။

"ထင်ကရနဲ့ဇေရတုလည်း အဆင်ပြေ
သလောက်ပဲ၊ဇေရတု မိဘတွေကိုဖွင့်ပြော
လိုက်ပြီ၊အခြေနေကြည့်ပြီး ထင်ကရအတွက်
လိုက်တောင်းပေးရမှာ ၊ဦးအင်အားက
သူလိုက်မယ်ပြောတယ်။ ဦးဂုဏ်ရော
လိုက်ပေးနော်"

"အဆင်ပြေသွားကြပြီဆိုတော့
ကောင်းတာပေါ့"

"ထင်ကရကောင်လေးက
ဆေးကျောင်းတတ်နေတာ။သူ့အမေက
ဇေရတုကို ဆရာဝန်ဖြစ်စေချင်တာတဲ့
!ဝါး....အိပ်တော့မယ် အိပ်ချင်ပြီ"

ပြောသမျှအရာအားလုံး စိတ်ရှည်ရှည်ထားပြီး
နားထောင်ပေးရတာ။အိပ်ချင်တယ်ပြောပြီး
လှဲချကာ အိပ်တော့မည့် ခေတ်ကြောင့်
မကျေမနပ် ဖြစ်မိသည်။
ကိုယ်ကကြ သူ့ကို ညသန်းခေါင်ချိန်ရောက်မှ
သွားခေါ်ရလို့ အိပ်ချင်စိတ်ပျောက်နေပြီ။

Love Hate Relationship (Completed)Where stories live. Discover now