Ep_38(zg)

162 1 0
                                    

ခေတ်သည် အစ်ကိုပြေးဝင်သွားသည့်
ရေချိုးခန်းတံခါးကိုထုကာ အစ်ကို့ကို
အော်ခေါ်မိသည်။ဦးအင်အားရော
စိုးရိမ်တကြီးခေါ်နေပေမဲ့ တံခါးကပွင့်မလာပေ။

"!အစ်ကို တံခါးဖွင့်ပေးပါဦးနော်"

"ငယ် တံခါးဖွင့်ကွာ"

လေတွေထိုးအန်ပြီးမှ ငယ်သည်
မျက်နှာသစ်ကာ ကိုယ်လုံးပေါ်မှန်ရှေ့
ရပ်နေမိသည်။
ဦးခွန်နဲ့ငယ် ရှေ့ဆက်ပြီးဘာဖြစ်မှာမှန်း
မသိသလို ငယ့်ကိုယ်ငယ်လည်း ဘာဆက်
လုပ်ရမလဲမတွေးတတ်အောင်ဖြစ်မိသည်။သွေးပူနေတုန်းသေပစ်ချင်စိတ်ပေါက်ခဲ့ပေမဲ့
သွေးအေးသွားပြီမလို့ ငယ့်ကို ချစ်ပေးတဲ့
ဖေဖေနဲ့ညီလေးခေတ်ရှိသေးတယ်ဆိုတဲ့
အသိကဝင်ရောက်လာခဲ့သည်။

ငယ်က အရာရာကိုအရှုံးပေးပြီးထွက်သွား
ရအောင် စိတ်ဓာတ်ပျော့ညံ့သူလား
ကိုယ့်ကိုယ်ကိုပြန်မေးမိသည်။
ငယ့် အမှားအတွက်သာ ဦးခွန်ကို
အားနာမိတာ။ငယ်က စိတ်ပျော့ညံ့တဲ့
လူမှ မဟုတ်တာဘဲ။

"အစ်ကို တော်ပါသေးတယ်ဗျာ
အထဲမှာတခုခုဖြစ်ပြီထင်နေတာ"

သော့တံအသုံးပြုကာ အထဲဝင်လာသည့်
ညီလေးခေတ်က ငယ့်ကိုစိုးရိမ်တကြီး
ဖက်ထားလာသည်။မှန်ကနေတဆင့်
မြင်နေရသည့် ဦးခွန်က ငယ့်ကို
ဘာမှမပြောဘဲ ရပ်ကြည့်နေတာတွေ့ရသည်။

"အစ်ကို နေသာရဲ့လားဟင်"

"အစ်ကိုဘာမှမဖြစ်ဘူး ညီလေးခေတ်"

ညီလေးခေတ်ကို ထိန်းကိုင်လျက်
ရေချိုးခန်းထဲကထွက်ခဲ့လိုက်သည်။
ပြီးနောက် ဖေဖေတို့ကုတင်ပေါ်
ညီလေးခေတ်ကို ထိုင်စေလိုက်သည်။

"ညီလေးခေတ်ကို အားနာပါတယ်
အစ်ကိုက အပူလာပေးမိတာ"

"ရတယ် အစ်ကို နာနေလားဟင်"

ပါးတစ်ခြမ်းယောင်ကိုင်းနေသည့်
အစ်ကို့ရဲ့ပါးပြင်ကို ခပ်ဖွဖွလေးထိတွေ့ပြီး
စိတ်မကောင်းဖြစ်ရသလို ဦးအင်အားကို
စိတ်တိုမိသည်။အားနည်းသူကို အနိုင်ကျင့်
တာထက် လက်ပါတာက စိတ်ပျက်ဖို့
ကောင်းသည်။အစ်ကိုက မှားခဲ့ဦး
ထိုအမှားကြောင့်ဦးအင်အားကို လက်ခံပေးတာ
ဒါကိုမှ မကျေနပ်နိုင်ဖြစ်ရသလားနော်။

Love Hate Relationship (Completed)Where stories live. Discover now