"မောနီး ခေတ်လေး"
"မောနီးပါဗျ"
"မနေ့က ခေတ်လေး နားရက်မလို့
နေ့ဆိုင်းညဆိုင်းပြောင်းတယ် ခေတ်လေး""ခေတ် ဘာဆိုင်းလဲ မသန္တာ"
"ညဆိုင်း"
ညဆိုင်းဆို ဒီမှာညလုံးပေါက်နေရမှာဆိုတော့
ဦးဂုဏ်နဲ့မျက်နှာချင်းမဆိုင်ချင်တာ
အတော်ဖြစ်သွားသည်။"ခေတ်ရဲ့လစာ မသန္တာ ထုတ်ပေးထားတယ်"
"ကျေးဇူးပါဗျ မသန္တာ"
ခေတ်လိုအပ်တဲ့ စက်ဘီးလေး ဝယ်လိုရပြီ
တွေးမိပြီး မသန္တာကမ်းပေးလာသည့်
လစာအိတ်လေးကို ရင်ဝယ်ပိုက်ထားမိသည်။"နောက်ရက် ညနေမှတွေ့ရတော့မှာနော်
ခေတ်လေး""မကြာခဏ နေ့ဆိုင်းညဆိုင်း လူလဲတာဆိုတော့
ပြန်ဆုံပါစေဆုတောင်းမိတယ် မသန္တာ
မသန္တာတို့ အစ်ကိုတို့က ခေတ်ရဲ့
မိသားစုတွေပါပဲ""ခေတ်လေးက စိတ်သဘောထားပြည့်တဲ့
ကလေးမလို့ ညဆိုင်းကကလေးတွေနဲ့
အဆင်ပြေမှာပါ""ဟုတ် မသန္တာ"
မနက်ဖြန်ညနေဆိုင်းဆင်းရမှာဆိုတော့
အပြန်ကြမှ ဘွားဘွားရီကို အသိပေးရမည်။
ခွင့်ပြုပါ့မလားတွေးမိပေမဲ့ အလုပ်ဆိုတော့
ခွင့်ပြုချက်ရဖို့ပြောရမည်တွေးထားလိုက်သည်။"ခေတ်လေး"
"ဗျာ"
"မျက်နှာကဘာဖြစ်ထားတာလဲ"
"ခိုင်းမိတာ"
"ဖြစ်ရမယ် ဆေးမလိမ်းဘူးလား"
"မလိမ်းဖြစ်ဘူး"
"လာ လိမ်းပေးမယ် ပြီးရင်ပလာစတာကပ်ထား"
"ဟုတ်"
ဦးဂုဏ်အနားမှာ နေရတာထက်စာရင်
အလုပ်မှာနေရတာ စိတ်ချမ်းသာမိသည်။
ဖြူဖြူဥဥ သေးသေးလေးဆိုတော့ ခေတ်ကို
ဂရုစိုက်ပြီးချစ်ပေးကြတာဖြစ်ရမည်။
အမေတစ်ခု သားတစ်ခုဘဝကနေ
တစ်ကောင်ကြွက်ဘဝမှာရုန်းကန်းနေရတဲ့
ကောင်လေးအဖြစ်သိထားကြသည့်အတွက်
အစ်ကိုတွေ အစ်မတွေက ဂရုစိုက်ပေးကြတာလို့မြင်မိသည်။

YOU ARE READING
Love Hate Relationship (Completed)
Fantasyကြမ်းတမ်းတဲ့အရေးအသား ပါနိုင်သည့်အတွက် ကြိုက်မှဖတ်ပါ