Ep_12(uni)

2.2K 71 3
                                    

လူနှစ်ယောက်တွေ့ဆုံဖို့ ရှေးရေဆက်
ပါလာခဲ့ရင် ရှောင်လွဲလို့မရဘူးဆိုတာလက်ခံမိသည်။ရေစက်ဆုံကြတဲ့အခါမှာ ဆုတောင်း
မမှားဖို့အရေးကြီးသည်လို့ ခွန်အား
တွေးမိသည်။ငယ်က ပုံရိပ်ဝင်စားတာ
သိသိခြင်းပျော်မိခဲ့ရသည်။

ကိုယ်နဲ့ညီမလေးက အရင်ဘဝကို
သတိမရတော့သည့်ငယ့်ကို
ဖွင့်မပြောဘဲ နေခဲ့ကြသည်။
မရည်ရွယ်ပါဘဲ ပုံရိပ်ဝင်စားတာ သိသွားခဲ့သည့်ငယ်က ကိုယ့်ကိုရှောင်ဖယ်၍နေသည်။

ပုံရိပ်သေဆုံးခဲ့ရတာ ဥပါဒါန်ကြောင့်ဖြစ်သည့်အတွက် မသေဆုံးခင် ခံစားခဲ့ရတဲ့
စိတ်ဒဏ်ရာတွေ ငယ့်ကိုရိုက်ခတ်မှာစိုးရိမ်မိသည်။ပုံရိပ်အနေနဲ့ ချစ်သူကစွန့်ပစ်ပြီး
တခြားအမျိုးသမီးကို လက်ထပ်သွားခဲ့တယ်ဆိုတဲ့အစွဲအလန်းက ငယ့်ဆီမှာတည်ရှိနေပုံရသည်။

ငယ်က သူ၏ဖြစ်တည်မှု့ခန္ဓာကိုယ်ကို
ရွံမုန်းသည်။
လိင်တူအချစ်ကို ကြောက်ရွံ့သည်။
ကိုယ့်ကို လက်မခံနိုင်ဖြစ်နေတာတွေက
ပုံရိပ်ကသေဆုံးခဲ့တာမှန်ပေမဲ့ သူ့ရဲ့ဝိညာဥ်
ရှင်သန်နေဆဲဆိုတာ လက်ခံမိသည်။
ပုံရိပ်ရဲ့ဝိညာဥ် ရှင်သန်နိုးထလာခဲ့သည်နှင့်
ငယ်က ငယ်မဟုတ်တော့ပေ။
လူငယ်တစ်ယောက်ရဲ့တတ်ကြွမှု့တွေပျောက်ဆုံးသွားတယ်။ အခန်းထဲမှာတစ်ယောက်တည်း
နေလာတယ်။သူ့အဖေနဲ့ဖုန်းပြောတာကလွဲရင်
အချိန်ပြည့် ငိုင်နေတတ်ပြီး
ကိုယ့်ကိုရှိတယ်လို့ မသတ်မှတ်တော့ပေ။

စားချိန်အပြင်ထွက်စား ပြီးရင်အခန်းထဲမှာ
အနေများသည့် ငယ့်ကို စိုးရိမ်မိသည်။
အလုပ်များတဲ့ကိုယ်က ငယ့်အတွက်
အချိန်နည်းနည်းလေးပေးနိုင်တာဆိုတော့
နောက်ဆန်ငှင်နေရသည်။

"ငယ် အလုပ်လုပ်ချင်လား"

စိတ်ပြေလက်ပျောက်ဖြစ်အောင်
အလုပ်လုပ်ကြည့်ခိုင်းချင်သည်။
ကိုယ့်အမေးကိုမကြားသလို လှည့်ပင်မကြည့် အခန်းပြတင်းပေါက်ကနေ အပြင်သို့
ငေးနေလျက်ရှိသည်။

"!သျှားဆက်တိုး ကိုယ်မေးနေတာဖြေ"

ခပ်စပ်စပ်ငေါက်လိုက်မှ လှည့်ကြည့်
လာသည့် ငယ်က မျက်ဝန်းတွေမှာ
မျက်ရည်တွေ တွဲခိုနေသည်။

Love Hate Relationship (Completed)Where stories live. Discover now