Ep_23 (uni)

1.9K 76 6
                                    

"daddyရော ထင်ကရ"

"အလုပ်ကိစ္စပေါ်လာလို့ သွားတယ်
အပြန်ဝင်ခေါ်မယ်တဲ့"

ဦးဂုဏ်က ခေတ်ရဲ့ဘေးမှာဝင်ထိုင်လာသည်။
ဖျားနေတဲ့သူကို မထိုင်နဲ့မပြောချင်တာကြောင့်
ဘာမှမပြောဘဲနေလိုက်သည်။

"ထင်ကရ ဒါ ဦးဂုဏ်
ခေတ်ရဲ့အမျိုးသား"

"ခင်ဗျားနဲ့တွေ့ရတာ ဝမ်းမသာဘူးဗျ
ခင်ဗျားက ကျုပ်ရဲ့ညီကို အနိုင်ကျင့်တယ်ဆို"

တွေ့တွေ့ခြင်း ရန်စကားပြောလာသည့်
ကောင်ကို ခေတ်ရဲ့ အစ်ကိုမလို့သာ ကြည့်နေလိုက်သည်။ကိုယ့်ကိုကြည့်လာသည့်အကြည့်
တွေက လုံးဝကိုမကျေနပ်သည့်ပုံစံ
ဖြစ်နေသည်။

"မင်း ထိုင်နေတာ ငါ့အိမ်ဆိုတာသတိရဦး"

"ကျုပ်ညီကို စိတ်မချလို့နေခဲ့တာ
ခင်ဗျား အိမ်ကို လာချင်လို့လာတယ်များ
မှတ်နေလား"

"ငါ့အမျိုးသားကို မင်းတို့နဲ့ပြန်မထည့်ဘူး
လက်ရှိမှာ သူ့ကို ငါပိုင်သေးတယ်"

"ပြန်မယ် ညီခေတ်"

ညီခေတ်ကို အနိုင်ယူတယ်ဆိုသည့်
လူကို မြင်တာနဲ့စိတ်ထိန်းမရအောင်ဒေါသထွက်မိသည်။ကလေးအဖေတစ်ယောက်ကို
လက်ထပ်လိုက်ရတာ မသိလိုက်လို့သာ
သိခဲ့ရရင် ရအောင်တားမိမှာ။
ထိုလူ့ဘေးမှာရှိနေသည့် ညီဖြစ်သူကို
လက်ဆွဲကာ ပြန်ဖို့ပြင်လိုက်သည်။
သို့ပေမယ့် ထိုလူက အထမခံ
ညီဖြစ်သူ လက်ကို ပြန်ဆွဲထားသည်။

"ဦးဂုဏ်ရော ထင်ကရရော
ဘယ်လိုဖြစ်နေကြတာလဲ"

"ကိုယ်က မင်းရဲ့မျက်နှာကြောင့်
သည်းခံနေတယ်မှတ်ပါ။ငါ့အိမ်မှာ ငါ့ကို
လာစော်ကားနေတာ"

"ညီခေတ် ပြန်မယ်ပြောနေတယ်နော်
ငါ ဒေါသမထွက်ချင်ဘူး"

"!ထင်ကရ လွှတ် နာတယ်"

ခေတ်ရဲ့ လက်တစ်ဖက်ဆီကို ဦးဂုဏ်နဲ့
ထင်ကရက အားပြိုင်ကာ ဆွဲထားသလို
ဖြစ်နေသည်။ ကြားကနေ လက်နှစ်ဖက်လုံး
ပြုတ်ထွက်မလို နာကျင်ရတာကြောင့်
လွှတ်ပေးဖို့ပြောလိုက်သည်။

"မင်းရဲ့ညီက ငါ့အဘွားရဲ့ကမ်းလမ်းချက်ကို
လက်ခံခဲ့လို့ငါ့အဘွားရဲ့ခြိမ်းခြောက်မှု့ကြောင့်
ငါလိုကောင်က မငြင်းသာဘဲ
လက်ထပ်ခဲ့ရတာ။ယောကျာ်းခြင်းစိတ်မဝင်စားတဲ့ ငါလိုလူက လက်ခံခဲ့တာကွ"

Love Hate Relationship (Completed)Where stories live. Discover now