Ep_25(uni)

1.2K 55 19
                                    

ငယ်သည် ညနေရောက်တဲ့အချိန်ကြ
အခန်းထဲနေရတာပျင်းလာသည့်အတွက်
ဧည့်ခန်းမှာထိုင်ကာTVကြည့်နေမိသည်။
ငယ့်ကို အုပ်မိုးလာတဲ့အရိပ်ကြောင့်
မော့ကြည့်ရာ။

"ဟေး တစ်ယောက်တည်းလား"

ညီလေးရဲ့အစ်ကိုက ငယ့် ဘေးမှာ
ဝင်ထိုင်လာသည်။လောလောဆယ်
ငယ်ကအိမ်မှာ အိမ်ရှင်သဘောမျိုးဖြစ်နေသည့်အတွက် ခေါင်းညိမ့်ပြမိသည်။

"ဘာစားပြီးပြီလဲ"

"ညီလေးခေတ် ရန်ကုန်ကိုသွားတယ်"

"သိတယ် သေချာလာခဲ့တာ"

ဘယ်သူမှမရှိတုန်း သေချာလာခဲ့တာဟု
ပြောပြလာသည့်အတွက် စိတ်ထဲတမျိုး
ဖြစ်သွားသည်။အန်တီသီသီရှိနေတယ်ဆိုတဲ့
အသိကြောင့်သာ ဟန်မပြတ်နေနေရသည်။
နေရာကနေ ထပြေးချင်စိတ်ပေါက်မိသည်။

"သဲငယ် မောင်နဲ့အပြင်လိုက်ခဲ့ပါလား"

"!ဟမ် မင်းက ပိုင်စိုးပိုင်နင်းဆန်လှချည်လား"

"လူတစ်ယောက်ကိုချစ်မိတဲ့အချစ်မှာ
ဒုတိယလူဖြစ်နေတဲ့အတွက် ပိုင်စိုးပိုင်နင်း
ဆန်မှဖြစ်မှာ။မောင့်ရဲ့အချစ်ကြောင့် သဲငယ်
နေရခက်နေမယ်ဆိုတာ သိတယ်"

"သိရင် လစ်"

"ငယ်"

ဦးခွန်က စားစရာအထုပ်တွေကိုင်ကာ
အိမ်ထဲဝင်လာတာကြောင့် ညီလေးရဲ့အစ်ကိုကြောင့် စိတ်အနှောက်ယှက် ဖြစ်နေရာကနေ
ပိုပြီး စိတ်ညစ်မိသွားသည်။
လူနှစ်ယောက်ပြိုင်တဲ့ အချစ်ကြောင့်
ကြားထဲကနေ နေရခက်မှာသေချာသည်။
ဦးခွန်က နောက်ဆုတ်မှာမဟုတ်သလို
ညီလေးရဲ့အစ်ကိုကလည်း
တဇွတ်ထိုးဆန်ဆန် ငယ့်ကို ကပ်မှာသေချာသည်။

လောလောဆယ် ဦးခွန်ကို ဇာတ်လမ်း
ဖြတ်ချင်နေသည့်အတွက် အနားမှာရှိနေသည့်
ညီလေးရဲ့အစ်ကို့ကို အသုံးချဖို့
စိတ်ကူးပေါ်လာရသည်။

"ဟေ့ကောင်လေး ငါ့ကို အပြင်ခေါ်ထုတ်
ပေးပါ့လား"

"ok goကြစို့"

သဲငယ်ဆီကတောင်းဆိုလာမှု့ကြောင့်
သဲငယ်ရဲ့လက်ကို ဆုပ်ကိုင်ကာ
နေရာမှထလိုက်သည်။ပြီးနောက်
စစ်ပွဲမှာအနိုင်ရရှိလာသည့် စစ်သည်
တစ်ယောက်လို ငယ့်ရဲ့လူကြီးရှေ့ ခေါင်းမော့
ရင်ကော့ကာ ဖြတ်ကျော်ခဲ့လိုက်သည်။

Love Hate Relationship (Completed)Where stories live. Discover now