တစ်နှစ်ကြာပြီးနောက်
"သား သားရဲ့ကျန်းမာရေားအခြေနေ
လူကောင်းတစ်ယောက်လို ကောင်းပြီဆိုပေမဲ့
အလုပ်တွေပဲ ဖိလုပ်မနေနဲ့ဦး""ဟုတ်ကဲ့ဗျ ဖေဖေ။ ညီလေးခေတ်က
သားရဲ့ဘေးကနေ ကူပေးပါတယ်"သားဖြစ်သူကို ကုပ္မဏီခွဲမှာ သူဌေးအဖြစ်
တာဝန်ယူစေပြီးနောက် ခေတ်က
သားရဲ့အတွင်းအရေးမှူးအဖြစ် ကူပေးသည်။သားရဲ့ကျန်းမားရေးကို အမြဲဂရုစိုက်ပေးရသည်။ဆေးစစ်ချက်ကောင်းမွန်ပေမဲ့ ကင်ဆာ
ဆိုတဲ့ရောဂါက အမြစ်မပြတ်သလို
အချိန်မရွေးထဖောက်နိုင်သည်ဟု
သားကို တာဝန်ယူကုသပေးသည့် သမားတော်က
အသိပေးထားသည်။"လူကြီး ခေတ်တို့ဆီလာတာ
အလုပ်အားလို့လား"ခေတ်က တစ်နှစ်အတွင်း လူငယ်မဆန်တော့
ပေ။စမတ်ကျကျ ဝတ်စားတတ်လာပြီး
တည်ငြိမ်ရင့်ကျက်သည့် ပုံစံဖြစ်လာသည်။
ခေတ်ရဲ့အမေးကို ချက်ခြင်းပြန်မဖြေသေးဘဲ
ပွေ့ဖက်ထားပြီးမှ အနမ်းလေးပေးလိုက်သည်။
ခေတ်က သားရှိနေသေးတယ်ဟု
မျက်စောင်းထိုးကာ သားကိုမေးငေါ့ပြသည်။"ညစာစားပွဲ ဖိတ်ထားတာသွားရမှာ ခေတ်"
"လူကြီး တစ်ယောက်တည်းလား"
"ခေတ်ရော သားရော"
"သားရောလား ဖေဖေဗျ"
"ဟုတ်တယ် သား"
ဦးဂုဏ်တို့ သားအဖနှစ်ယောက်ကိုကြည့်ပြီး
ခေတ်သည် ပြုံးနေမိသည်။အစ်ကိုနဲ့ထင်ကရ
လက်မထပ်ဖြစ်သလို။ အစ်ကို ခုလို အခြေနေ
ပြန်ရောက်ဖို့ ဦးဂုဏ်နဲ့ခေတ်က ဘေးကနေ
ဂရုစိုက်ပေးခဲ့ရသည်။အစ်ကိုနဲ့ထင်ကရ ကိစ္စဖြစ်ပြီးတဲ့နောက်ပိုင်း
ဦးအင်အားကို လုံးဝမတွေ့ရတော့ပေ။
အစ်ကိုက ဦးအင်အားအကြောင်း လုံးဝ
မဟသလို ဦးအင်အားကလည်း
အစ်ကို့ဆီ လာရောက်ခြင်းမရှိခဲ့ဘူး။
ထင်ကရကတော့ ခုချိန်ထိ အားရင်အားသလို
အစ်ကို့ရဲ့အချစ်ကိုရဖို့ ကြိုးစားနေတုန်းဖြစ်သည်။"အိမ်ပြန်ကြရအောင် အဝတ်အစားလဲပြီးမှ
သွားကြစို့""ဘယ်ကုပ္မဏီကဖိတ်တာလဲ ဖေဖေ"

YOU ARE READING
Love Hate Relationship (Completed)
Fantasyကြမ်းတမ်းတဲ့အရေးအသား ပါနိုင်သည့်အတွက် ကြိုက်မှဖတ်ပါ