Ep_17(uni)

1.5K 63 8
                                    

"ဦးဂုဏ်"

"အင်း"

"အစ်ကိုသျှားဆက်တိုးက ခေတ်ကို
ဘာလို့ပန်းစည်းပေးတာလဲဟင်
ခေတ်က ယောကျာ်းလေးလေ"

"ယောကျာ်းလေးကိုပန်းစည်းမပေးရဘူးလို့
ဘယ်သူပြောတာလဲ"

"ခေတ်မှ မကြိုက်တာ"

"သားနဲ့တုန်းက ခင်ဗျားပေးတာ မကြိုက်ဘူး
မယူဘူးလို့ တစ်ခါတည်းပြောပါလား
ခါးပတ်ပတ်ပေးမယ်"

ကားစက်နှိုးထားပြီးကောင်လေးကို
ခါးပတ်ပတ်ပေးလိုက်သည်။ပန်းမကြိုက်တဲ့
ကောင်လေးကို ပန်းစည်းပေးမိတဲ့အတွက်
သားဖြစ်သူသာသိရင် စိတ်မကောင်းဖြစ်မှာ
သေချာသည်။

"ဒီနေ့တော့ အလုပ်မသွားတော့ဘူး
မနက်ဖြန်တော့ရအောင်သွားရမှာ"

"ဘာလို့အလုပ်လုပ်ချင်နေတာလဲ ခေတ်"

"ပျော်လို့"

"အိမ်မှာဘွားရီလည်းအဖော်ရ ကိုယ့်သားလည်း
အဖော်ရ အလုပ်ထွက်လိုက် "

"မထွက်ပါဘူး ခေတ်က လူငယ်
အိမ်ထဲအောင်းနေရမှာလား မနေချင်ပါဘူး
အလုပ်မှာနေရတာစိတ်ချမ်းသာတယ်"

"!ဘာ"

ကောင်လေးကို စိတ်ချမ်းသာအောင်
ထားဖို့ကြိုးစားနေခါမှ အိမ်မှာမနေချင်လို့
အလုပ်သွားတာဟု သိရသည့်အတွက်
ထောင်းကနဲ ဒေါသဖြစ်မိသည်။

"သက်ထက်ခေတ် မင်း ငါ့ကိုဘာလို့
လက်ထပ်တာလဲ"

"ဦးဂုဏ်ကို မြင်မြင်ချင်း ချစ်မိသွားလို့"

"လူတစ်ယောက်ကို ချစ်နေပြီဆိုရင်
ချစ်မိတဲ့လူရဲ့အနားမှာ အချိန်တိုင်းနေချင်တာ
မင်းကဘာလဲ မင်းသာအလုပ်လုပ်မယ်ဆိုရင်
ငါ့လုပ်ငန်းတွေအများချည်း သူဌေးနေရာထိ
ပေးလို့ရတယ်"

"ဦးဂုဏ်ကိုချစ်တယ် ဒါပေမဲ့ ဦးဂုဏ်ရဲ့အရိပ်အောက်မှာနေပြီး အလုပ်မလုပ်ချင်ဘူး။
ဦးဂုဏ် ခေတ်ကို သူဌေးနေရာပေးလည်း
သူဌေးအစစ်အမှန်က ဦးဂုဏ်လေ
ဦးဂုဏ်ကိုလက်ထပ်ခဲ့တာ ပိုင်ဆိုင်မှု့တွေကို
မက်မောလို့မဟုတ်ဘူး"

မင်္ဂလာဦးညမှာ ဦးဂုဏ်ပြောခဲ့တဲ့
စကားတွေကမေ့ပစ်လို့မရသေးပါ။
ငါ့ပိုင်ဆိုင်မှု့တွေကို မက်မောလို့
လက်ထပ်တာလားဆိုပြီး ပြောခဲ့တာ။
ဓာတ်ပုံကနေတဆင့် သိခဲ့ရတဲ့ ဦးဂုဏ်ကို
မြင်မြင်ခြင်းချစ်မိသွား​တာက လိမ်ညာခြင်းမဟုတ်ပေ။ဦးဂုဏ်ကသာ ခေတ်ကို
မုန်းနေခဲ့တာ။

Love Hate Relationship (Completed)Where stories live. Discover now