"ညီခေတ် အစားစားတာနည်းတယ်
ဒါကြောင့်ခန္ဓာကိုယ် ငါ့လိုမထွားတာ""မင်းက ပူစရာမရှိနေလာရသူကိုး"
ကိုခေတ်နဲ့ညီခေတ် မနက်စာစားရင်း
ပြောနေကြတာ ဦးခေတ်တရ ဘေးကနေ
ဝင်မပြောဘဲနားထောင်နေမိသည်။
ညီခေတ် အပြောမှာ စိတ်ထဲမကောင်းဖြစ်ရသည်။အမြွှာနှစ်ယောက်ဖြစ်ပေမဲ့ ရုပ်ချင်း
တူရုံလေးသာ ။ကိုခေတ်က ညီခေတ်ထက်ခန္ဓာကိုယ်ထွားသလို ကြံ့ခိုင်သန်စွမ်းတဲ့ကလေးဖြစ်သည်။မွေးလာကတည်းက လိုလေသေးမရှိ အမေနေရာမှာရော
အဖေနေရောပါ ဂရုစိုက်ပေးခဲ့သည်။
ညီခေတ်ကြ အမေဖြစ်သူက ပြီးပြည့်စုံအောင်
မထားနိုင်ခဲ့သည့်အပြင် မအေဖြစ်သူ
ကျန်းမားရေးမကောင်းတော့ အရွယ်နဲ့မလိုက်
အိမ်ရဲ့တာဝန် ယူခဲ့ရပုံပေါ်သည်။"သား ညီခေတ် သူပြောတာစိတ်ထဲ
ထားစရာမလိုဘူး။ဒီကရှေ့လျှောက်
သားကို ဂရုစိုက်ပေးမယ်""ခေတ် မဆုံးဖြတ်ရသေးဘူး daddy"
"ဘာကိုလဲ သား"
"daddyတို့နဲ့နေဖို့"
"သား တစ်ယောက်တည်းရပ်တည်ဖို့
လွယ်မယ်ထင်လို့လား""နာမကျန်းဖြစ်နေတဲ့မေမေနဲ့တောင်မှ
ရအောင်ရပ်တည်ခဲ့တာ daddy""ဘယ်သူ့အကူအညီမှမယူဘဲလား"
ထိုစကားအတွက် ခေတ်သည်
daddyကို ဘာမှပြန်မပြောနိုင်အောင် ဖြစ်မိသွားသည်။မေမေနဲ့နှစ်ယောက်တည်း ရပ်တည်နိုင်ခဲ့တာမှ မဟုတ်တာဘဲ။ကျေးဇူးရှင် ဘွားဘွားရီ
ကူညီထောက်ပံပေးမှု့ကြောင့်သာ နေနိုင်ခဲ့တာ။ဘွားဘွားရီအကြောင်း ခေါင်းထဲရောက်လာပြန်တော့ ဦးဂုဏ် ခေတ်ကို စိတ်တိုတာမမှားဘူး
တွေးမိပြန်သည်။ ချမ်းသာသည့် ဦးဂုဏ်ကို
လက်ထပ်ထားမှတော့ အလုပ်ပြုတ်လဲ
ဘာအရေးလဲ ဘွားဘွားရီလောက်
အရေးကြီးတဲ့ကိစ္စမဟုတ်ဘူးလို့ အလုပ်သွားမိတာ နောင်တပြန်သည်။
ဦးဂုဏ်မမှားဘူး ခေတ် မှားခဲ့တာ တွေးမိပြီး
မျက်ရည်ကအလိုလို ကျလာရသည်။"ညီခေတ် ဘာဖြစ်လို့ငိုနေရတာလဲ သား"
"ခေတ် အိမ်ထောင်ကျပြီးပြီ daddy"

YOU ARE READING
Love Hate Relationship (Completed)
Fantasyကြမ်းတမ်းတဲ့အရေးအသား ပါနိုင်သည့်အတွက် ကြိုက်မှဖတ်ပါ