!ဝေါ....ဝူး....ဝူး
အမြန်လမ်းတစ်နေရာမှာ အရှိန်ပြင်းပြင်း
မောင်းနှင်နေသည့် ကားလေးထဲ
လူနှစ်ယောက်သည် စကားအခြေတင်များနေလျက်ရှိသည်။"ဦးဂုဏ် အရှိန်လျှော့မောင်းလို့
ပြောနေတယ်လေဗျာ""!မင်းရဲသောက်ပေါက်ကိုပိတ်ထား
ငါ့သားကိုအမြန်တွေ့ရမှဖြစ်မယ်။
ဟိုကောင် ငါ့သားကိုဖျားယောင်းသွေးဆောင်ပြီးခေါ်ထုတ်သွားတယ်လို့သာ ပြောလာကြည့်""!အစ်ကိုက သူငယ်နှပ်စားအရွယ်မဟုတ်ဘူး
တစ်ဖက်သတ်စွပ်စွဲမနေနဲ့ ဦးဂုဏ်""မင်းက ဘာလဲ မင်းကိုနှိပ်စက်ထားလို့
မင်းရဲ့အစ်ကိုကို ခိုင်းလိုက်တာလား
ငါ့အိမ်ကို ဟိုကောင်လာတာ မင်းခေါ်လာတာ""!ခေတ်ဘက် လှည့်မလာနဲ့ ဦးဂုဏ်"
"!ငါ့သား တစ်ခုခုဖြစ်ကြည့် မင်းရော
ဟိုကောင်ရော သေပြီသာမှတ်"နောက်ဆုံးတော့လဲ ခေတ်ကိုသာ
အပြစ်တင်နေသည့် ဦးဂုဏ်။
တရိပ်ရိပ်ကျန်နေခဲ့သည့် ပတ်ဝန်းကျင်ကို
မျက်နှာမူထားပြီး ဦးဂုဏ်ကို စကားမပြောဘဲ
နေလိုက်သည်။ဦးဂုဏ်ရဲ့ဒေါသကြောင့် အသက်ရှူသံကအတိုင်းသားကြားနေရသည်။
ခေတ် ဘာဖြစ်နေလဲ ဦးဂုဏ်ဘယ်တော့မှ
သိမှာမဟုတ်ဘူး။အစ်ကို့အတွက် ဦးဂုဏ်စိုးရိမ်သလို
ခေတ်လည်းစိုးရိမ်မိသည်။ထင်ကရ ဘာတွေ
လျှောက်လုပ်နေတာလဲတွေးကာ စိတ်တိုမိသည်။
အစ်ကို့မှာ ပိုင်ရှင်ရှိတာ ပြောထားပါလျက်နဲ့
လုပ်ရက်လိုက်တာဟု တွေးကာ
daddyနဲ့ထင်ကရ ခေတ်ဆီ ရောက်လာရတဲ့
ကံကြမ္မာကိုအပြစ်တင်မိသည်။တစ်လမ်းလုံး အပြိုင်ပြောလာရတဲ့
စကားအခြေတင်ကနေ ငြိမ်ကျသွားတဲ့
ကောင်လေးကြောင့် ကားမောင်းနေရင်း
စောင်းငဲ့ကာကြည့်မိသည်။ကားပြတင်းပေါက်
ကနေတဆင့် အပြင်ကမြင်ကွင်းကို ငေးကြည့်
နေပြီး မျက်ရည်ကျနေတာမြင်ရတော့
ကိုယ် လွန်သွားမှန်း သတိရမိသည်။"ခေတ် sorry ကိုယ် ခေတ်ကို
အပြစ်တင်မိတယ် ဖအေတစ်ယောက်အနေနဲ့
သားဇောကြောင့် ဒေါသထွက်မိတယ်"
YOU ARE READING
Love Hate Relationship (Completed)
Fantasyကြမ်းတမ်းတဲ့အရေးအသား ပါနိုင်သည့်အတွက် ကြိုက်မှဖတ်ပါ