တစ်ပတ်ကြာပြီးနောက်"ခေတ် ကိုယ့်နဲ့လိုက်ခဲ့ပါလား"
"တစ်ယောက်တည်းသွားပါဗျာ
ကိုသက်ပိုင် လိုက်မှာပဲ ဦးဂုဏ်ကလည်း"ခေတ်အနားမှာ တောက်တဲ့တစ်ကောင်လို
တွယ်ကပ်နေသည့် ဦးဂုဏ်က မဖြစ်မနေ
ခရီးထွက်ဖို့အကြောင်းဖန်လာခဲ့သည်။
ကိုသက်ပိုင်ကို အစားထိုးသွားခိုင်းပေမဲ့
အစ်ကိုသျှားဆက်တိုး သွားမယ်ဆိုရင်တောင်မှ
မရဘူးလို့ ကိုသက်ပိုင်က ပြောလာခဲ့သည်။ခရီးသွားဖို့ ခရီးဆောင်အိတ်ပြင်နေရင်း
ခေတ်ကိုလိုက်ခဲ့ဖို့ အခါတစ်ရာမက
ပြောလာခဲ့သည်။ခေတ်ကို တစ်ယောက်တည်း
ထားခဲ့ရမှာ စိတ်မချဘူးတဲ့လေ။"ထင်ကရ လာနေမယ်ပြောတယ် ဦးဂုဏ်"
ထင်ကရဆီ ဖုန်းဆက်ပြီးအကူညီ
တောင်းကြည့်ရာ လာနေမယ်ပြောလာသည်။
ဦးဂုဏ်ကို ထင်ကရလာနေပေးမယ်ပြောလိုက်သည်။ ဦးဂုဏ်က ခရီးဆောင်အိတ်ထဲ
လက်စသတ်ပစ္စည်းတွေထည့်ကာ ဇစ်ပိတ်လိုက်သည်။ပြီးနောက်ဆိုဖာခုံပေါ်ထိုင်နေသည့်
ခေတ်ဆီ ရောက်လာသည်။"အိမ်ကို သားလာလို့ ကိုအင်အားပါလာမယ်
ဆိုရင်ပြဿနာတတ်မယ်နော် ဖြစ်ပါ့မလား""အစ်ကိုရော ထင်ကရရော သက်ဆိုင်သူတွေ
ရှိနေပြီပဲ။ဖြစ်မှာပါ အစ်ကို့ကို ခေတ်ရဲ့
ဝေယျာဝစ္စခိုင်းဖို့ကြ မခိုင်းသင့်ဘူးလေ။
ထင်ကရကြ အားနာစရာမလိုဘူး"ခေတ်ပြောတာ အကျိုးအကြောင်းဆီလျော်
နေတာကြောင့် ထင်ကရ လာနေဖို့သဘောတူလိုက်သည်။သားဆီ ဖုန်းဆက်ပြီး အိမ်ကို
မလာသေးဖို့ပြောထားရမည်။"ဒါဆို ကိုယ် သွားတော့မယ် ခေတ်"
ဦးဂုဏ်က ခေတ် ထိုင်နေတာကို အုပ်မိုး၍
ကြည့်လာသည်။ဦးဂုဏ်ရဲ့ လည်ပင်းကို
သိုင်းဖက်ပြီး အနမ်းပေးလာမယ်ထင်တာကြောင့်
ခေါင်းမော့ထားလိုက်သည်။"ကိုယ် မင်းကို ချစ်တယ်"
"အင်း.... !ဗျာ"
"ရင်ထဲက နှလုံးသားထဲက လာတဲ့စကားမလို့
ယုံကြည်ပေးနော် ခေတ်၊
ကိုယ် မင်းကို ချစ်တယ်"

YOU ARE READING
Love Hate Relationship (Completed)
Fantasyကြမ်းတမ်းတဲ့အရေးအသား ပါနိုင်သည့်အတွက် ကြိုက်မှဖတ်ပါ