ကိုယ့်ကို အဖျားရှိမရှိ စမ်းကြည့်လာသည့်
ငယ့်ရဲ့လက်ကလေးကို လွတ်ထွက်မသွားအောင်
ဆုပ်ကိုင်ထားမိသည်။"ငယ့်ကို စိတ်မကောင်းဖြစ်အောင်
လုပ်နေတာလား ဦးခွန်""ငယ်သာ ဦးခွန်ရဲ့အနားမှာရှိနေမပေးဘူးဆိုရင်
ဒီတစ်ခါ ထွက်သွားတဲ့သူက ဦးခွန်ဖြစ်မယ်
ထင်တယ်။ငယ့်လို ငယ့်ရဲ့အနား ပြန်လာချင်မှ
လာနိုင်မှာ""သက်သက်မဲ့ ငယ့်ကို ခြိမ်းခြောက်တာပေါ့
ဦးခွန် ငယ့်ကိုအဆက်သွယ်ဖြတ်ထားတာပါ
ငယ်က ဖေဖေ့ဆီနေကြည့်ရုံလို့
မပြောခဲ့ဘူးလား""ငယ် ပုံရိပ်အနေနဲ့မဟုတ်ဘဲ ဦးခွန်ကို
မချစ်နိုင်ဘူးလား""သျှားဆက်တိုးအနေနဲ့ ငယ်ဘဝအနေနဲ့သာဆို
ပိုပြီးတော့ ဦးခွန်ကိုမချစ်နိုင်ဘူး
ဆန်ပြုတ်သောက်ဦး ပြီးရင်ဆေးသောက်ရအောင်"ကိုယ့်ရဲ့အချစ်တွေကို ဥက္ခောပြုနေတာ
ရင်ထဲနာကျင်မိရသည်။ငယ့်ရှေ့မှာ
လိမ္မာတဲ့ကလေးတစ်ယောက်လို စေခိုင်းသမျှ
နားထောင်နေမိသည်။ ဆန်ပြုတ်ရော ဆေးရောသောက်လို့အပြီးမှာ ကိုယ့်ကိုအိပ်တော့ဟု
ပြောလာသည့်အတွက် လှဲကာအိပ်ပျော်ဖို့
ကြိုးစားရသည်။အိကနဲဖြစ်သွားသည့်
မွေ့ရာရဲ့အထိတွေ့ကြောင့် ငယ် လှဲလိုက်သည်
ဟု ခံစားမိသည်။မျက်လုံးဖွင့်မကြည့်မိချစ်ရတဲ့ငယ်နဲ့ အိပ်ရာတစ်ခုထဲမှာအိပ်ရတဲ့
ညဟာ ကိုယ့်အတွက် အိမ်မက်လှစေမည့်
ညလေးဖြစ်သည်။ဖြစ်နိုင်ရင် ငယ့်ကို
ထွေးပွေ့ပြီးအိပ်ချင်သည်။
ငယ် အိပ်မပျော်သေးခင် မြတ်နိုးမိရတဲ့ ငယ့်ကို
ချစ်စကားတွေတဝချည်းပြောပြချင်သည်။ငယ့်ကို အပိုင်သိမ်းပစ်ချင်ပေမဲ့ ငယ့်ဘက်က
အလံဖြူမပြမချင်း စည်းမကျော်ဘူးဆုံးဖြတ်ထားသည့်အတွက် ကိုယ့်ရဲ့စိတ်ကိုချုပ်တည်းကာ အိပ်ပျော်အောင်အိပ်လိုက်သည်။*******
အစ်ကို့ကိုနှုတ်ဆက်ပြီး အခန်းထဲပြန်ရောက်ရောက်ခြင်း ဦးဂုဏ်က ခေတ်ကိုမွေ့ရာပေါ်
လေးဘက်ထောက်ခိုင်းသည်။ဘာမှန်းမသိရဘဲ ခိုင်းလို့သာနေပေးလိုက်တာ ဦးဂုဏ်က ခေတ် ဝတ်ထားတဲ့ဘောင်းဘီကို တင်းပါးပေါ်ရုံသာ ချွတ်ပစ်လာသည်။ပြီးနောက် ခေတ်ရဲ့အနောက်ရပ်ဝန်းလေးကို လက်ညှိုးနဲ့တို့ထိလာတာကြောင့်
မွေ့ရာကို လက်နဲ့ဆုပ်ကိုင်ကာ အံကျိတ်ထားရသည်။ဘာလို့ လေးဘက်ထောက်ခိုင်းမှန်း
သိရသည်နှင့် မကျေမနပ် ရန်တွေ့မိတော့ ဟားတိုက်ရယ်မောသည့် ဦးဂုဏ်က
အကြောင်းအရင်းကိုမေးလာသည့်အတွက်
ပြန်ဖြေလိုက်သည်။
YOU ARE READING
Love Hate Relationship (Completed)
Fantasyကြမ်းတမ်းတဲ့အရေးအသား ပါနိုင်သည့်အတွက် ကြိုက်မှဖတ်ပါ