Ep_31(zg)

240 1 0
                                    


ရေချိုးခန်းထဲရှိ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်
အားလုံးထိတ်လန့်ကုန်ကြသည်။

"!ငယ်"

"!သား"

"!သဲငယ်"

"!အစ်ကို "

သားက ရေချိုးခန်းကြမ်းပြင်မှာ ခွေခွေလေး
လဲနေလျက်ရှိသည်။သားကိုပြေးပွေ့ကာ
လှုပ်ခေါ်မိသည်။အချိန်ကြာသွားရင်
သားအတွက် မကောင်းဘူးတွေးမိပြီး
သားကိုပွေ့၍ ရေချိုးခန်းထဲကနေထွက်ခဲ့
လိုက်သည်။သားကို အိပ်ရာထဲအသာချပြီး
လှဲစေလိုက်သည်။

"ခေတ် ဆရာဝန်ဆီဖုန်းဆက်
သားက သတိလစ်သွားတာ"

"ဟုတ် ဦးဂုဏ်"

ကိုအင်အားနဲ့ထင်ကရက သားကိုစိုးရိမ်ပြီး
သားရဲ့လက်တစ်ဖက်ဆီ ကိုင်ထားကြသည်။
ထိုလူနှစ်ယောက် စိုးရိမ်စိတ်ဖြစ်နေကြတာ
သားအတွက် ပီတိဖြစ်ရပေမဲ့ ရွေးရခက်မည့်
သားအတွက် စိတ်မောနေမိသည်။

ကိုအင်အား သားအနားမှာရှိမပေးသည့်
တစ်နှစ်အတွင်း ထင်ကရက သားရဲ့
အရိပ်ကြည့်ကာ ဂရုစိုက်ပေးခဲ့သည်။
သားကို လက်ထပ်ခွင့်ခဏခဏတောင်းခဲ့ပေမဲ့
သားကငြင်းပယ်ထားသည်။ငြင်းပယ်ခံရလည်း
ထင်ကရက စိတ်ပျက်မသွားဘဲ သားကို
ဂရုစိုက်ပေးသည်။

ကိုအင်အားအနေနဲ့ကြတော့ တစ်နှစ်လေးပဲ
သားရဲ့အနားမှာ မရှိခဲ့တာ၊ သူ့အမေဗိုက်ထဲကနေ
ထွက်လာကတည်းက သားကိုဂရုစိုက်
ပေးခဲ့တာလို့သိရသည်။

အိမ်ထောင်ရေးဆိုတာ ကံစီမံရာပဲ
ဖူးစာပါရင်ညားကြတာ။သားက
ကိုအင်အားနဲ့လက်ထပ်ရမှာလား
ထင်ကရနဲ့လက်ထပ်ရမှာလား
ဒါမှမဟုတ် နှစ်ယောက်လုံးကိုငြင်းပယ်ပြီး
တစ်ယောက်တည်းနေမှာလားဆိုတာ
သားကလွဲပြီးဘယ်သူမှမသိချေ။

"!အား...ဟင်း"

"သား သတိရလာပြီလား
ဘယ်လိုဖြစ်ရတာလဲ သားရာ"

သားက ကိုယ့်ကို ခေါင်းယမ်းပြပြီး
မျက်လုံးမှိတ်ထားသည်။

"ခေါင်းမူးတယ်"

"ဆရာဝန်ခေါ်ထားတယ် သား"

"မခေါ်နဲ့ဖေဖေ သား ဘာမှမဖြစ်ဘူး။
ထင်ကရနဲ့နှစ်ယောက်တည်း စကားပြောချင်တယ်။ ဦးခွန် အပြင်မှာစောင့်နေပေး။
ဖေဖေ ဦးခွန်ကို ဧည့်ခံထားပေးနော်"

Love Hate Relationship (Completed)Where stories live. Discover now