"!အား....ကျွတ်....ကျွတ် ဦးခွန်
ဦးခွန်....!ဟင့် ဦးခွန်""သဲငယ် မောင်လေကွာ"
သဲငယ်ရဲ့အခြေနေသိရဖို့ ထိုအိမ်ကို
အစောချည်းရောက်လာခဲ့သည်။
ညီခေတ်တို့အတွဲကိုမတွေ့ရသေး ဒီအိမ်က
အန်တီက ဝင်းတံခါးဖွင့်ပေးလို့ အိမ်ထဲ
ဝင်ခဲ့လိုက်သည်။
သဲငယ်ရဲ့အခန်းတံခါးဖွင့်ကြည့်ရာ
အလွယ်တကူပွင့်သွားတာကြောင့်
အထဲဝင်ခဲ့လိုက်သည်။ အိပ်ရာပေါ်မှာ
လူးလှိမ့်နေသည့် သဲငယ်ကိုတွေ့လိုက်ရသည်။ဘာဖြစ်နေတာလဲ အထိတ်တလန့်ဖြင့်
သဲငယ်ဆီအပြေးလေးသွား၍ ပွေ့ထားလိုက်သည်။ပူကျစ်နေသည့်အထိတွေ့ကြောင့်
ဖျားနေမှန်းသိလိုက်သည်။
သဲငယ်ဆီကနေ ညည်းသံစကားတွေကြောင့်
ထင်ကရဲ့ရင်ထဲ အပ်ပေါင်းများစွာ
လာစိုက်သလို နာကျင်နေရသည်။"!ဦးခွန်"
"!တော်စမ်း သဲငယ် အသိတရားဝင်စမ်းပါ
သဲငယ်ကို မောင်ပဲပိုင်တာ"သဲငယ်ရဲ့ခန္ဓာကိုယ်ကို ခပ်ကြမ်းကြမ်းလှုပ်၍
အသိပေးလိုက်ပြီးနောက် မျက်လုံးပွင့်လာသည့်
သဲငယ်က ကိုယ့်ကိုစိုက်ကြည့်နေလျက်ရှိသည်။"!ထင်ကရ"
"မောင့်ကို သိသေးသားပဲ"
"ငါ့အခန်းထဲ မင်းကို ဘယ်သူဝင်ခိုင်းတာလဲ"
"မောင့်ဘာသာ ဝင်လာတာ
သဲငယ်နဲ့မောင်က စောင့်ရမဲ့စည်း
ထားစရာလိုလား""ဖယ် ငါ အိပ်ချင်သေးတယ်"
"သဲငယ်ဖျားနေတာ ကိုယ့်ကိုယ်ကို
သိလား""မသိဘူး ငါ့အခန်းထဲ ငါ့ခွင့်ပြုချက်မရဘဲ
မဝင်နဲ့ ထင်ကရ""ok နောက်မှရန်တွေ့ ဆေးခန်းသွားမယ်"
သဲငယ်ကိုအရေးစိုက်မနေတော့ဘဲ
ပွေ့ချီခဲ့လိုက်သည်။အားအင်
ကုန်နေလို့လားမသိပေ ရုန်းကန်ခြင်းမပြုဘဲ ပွေ့ချီတဲ့အတိုင်းငြိမ်ငြိမ်လေးနေပေးတဲ့
သဲငယ်ကို ငုံ့ကြည့်ကာ ချစ်မဝဖြစ်နေရသည်။"လိမ္မာတယ် မောင့်ရဲ့သဲငယ်"
"ဖေဖေတို့မသိစေနဲ့ထင်ကရ"
YOU ARE READING
Love Hate Relationship (Completed)
Fantasyကြမ်းတမ်းတဲ့အရေးအသား ပါနိုင်သည့်အတွက် ကြိုက်မှဖတ်ပါ